အပိုင်း (၂၇) ဇာတ်သိမ်း

12.7K 595 22
                                    

Unicode

ဆေးနံ့တွေက နှာခေါင်းထဲ စူးစူးဝါးဝါး တိုးဝင်လာတာကို သိနေရသည်...အဲထက်ပိုတာကတော့ နွေးထွေးသောလက်တစ်စုံ၏ အထိအတွေ့...

ဖျတ်ခနဲ မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ မရင်းနှီးသော အခန်းတစ်ခု...တစ်ဆစ်ဆစ်နာနေသော ခေါင်းကို လက်နဲ့အသာဖိ၍ ဘေးကို လှည့်ကြည့်လိုက်တော့...

"ဟင် အသွေး..."

ဂျူတီကုတ်အဖြူလေးကို ဝတ်ထားကာ ကုတင်ဘေးရှိ ခုံပုလေးပေါ်တွင် ထိုင်ကာ ဇော့်လက်ကို ဆုပ်ထားလျက် ကုတင်​ပေါ်ခေါင်းတင်ပြီး တစ်ခြမ်းစောင်းလေး အိပ်ပျော်နေသည်... ဆံနွယ်တို့ ဖရိုဖရဲ ကျဆင်းနေသည့် မျက်နှာဖြူနုနုလေးကို ကြည့်ကာ သနားစိတ်တို့ တိုးဝင်လာရင်း...

"ကလေး..."

လက်ကို အသာဆွဲထုတ်ကာ ဆံပင်လေးတွေကို သပ်ပေးရင်း ခေါ်လိုက်သည်...

"ဟင်...မမသတိရပြီလား..."

မျက်စိကို ပွတ်သပ်နေကာ ဇော့်ကို မြင်တော့ ကမန်းကတန်းမေးလာသည်...

"အင်း... ခုဆေးရုံမှာလား..."

"ဟုတ်တယ်...မမ ခုဘယ်လိုနေလဲဟင်...ခေါင်းက နာနေမှာပေါ့..."

"အင်း...ခေါင်းလဲ နာနေတယ်...ပြီးတော့ ဘယ်ဘက်ပခုံးတစ်ခြမ်းလဲ အောင့်နေရော..."

"အင်း...ခုတော့ နာနေဦးမယ်...မမရဲ့...ဒါပေမယ့် တော်သေးတယ် သိလား...ခေါင်းအပေါ်ယံလောက်ပဲ ထိသွားလို့...လေပြေ့မှာ စိတ်ပူလိုက်ရတာ... ဘာမှလုပ်မထိကိုင်မထိနဲ့ မမသက်ထားတို့ ရှိနေလို့ တော်သေးတယ်..."

"ကိုယ့်ကို စိတ်ပူနေတာလား..."

စိတ်ပူပူနဲ့ တရစပ်ပြောနေမိတဲ့လေပြေ့မှာ မမဇော်ဖြတ်မေးလိုက်မှ ရှက်သွားသည်...

"အင်း..."

"စိတ်မဆိုးတော့ဘူးလား..."

"မမသက်ထား ပြောပြတယ်...အဲနေ့က သူရှိနေတယ်တဲ့..."

အသံတိုးတိုးလေးကို နားထောင်ရင်း ပြုံးလိုက်မိတယ်...

"ချစ်လွန်းလို့ အသွေးအိမ်ဘေးနားကို မရရအောင် ပြောင်းလာခဲ့တာလေ ကိုယ်က...အဲမှာနေပြီး မဟုတ်တာတွေ လုပ်နေပါ့မလား ဟင်...ကိုယ့်တစ်ဘဝလုံးမှာ အသွေးတစ်ယောက်ကိုပဲ ချစ်ခဲ့တာပါ..."

Second ChanceWhere stories live. Discover now