အပိုင်း (၂၄)

8.2K 555 5
                                    

Unicode

ဒေါ်သက်နှင်း ကိုယ့်ရှေ့မှာထိုင်နေသော မောင်နှမနှစ်ယောက်ကို တအံ့တသြ ကြည့်နေမိသည်...အံ့သြလွန်း၍ ဘာပြောရမှန်းပင်မသိ...

အစ်မဖြစ်သူကလဲ ပညာတတ်ရုပ်လေးထွက်ကာ သန့်ပြန့်နေသည်...ကြည်စင်သောမျက်နှာနှင့် မောင်ဖြစ်သူကလဲ ဆရာဝန်ကလေးတဲ့...

ထက်မြက်ဇော်ဆိုတဲ့ ဒီကောင်မလေးကို စမြင်ဖူးကတည်းက ချစ်ပါသည်...မျက်လုံးတွေက စူးလက်နေပြီး ဘယ်အရာမဆို ပိုင်ပိုင်နိုင်နိုင် ဖြေရှင်းနိုင်တာကိုလဲ တွေ့ပြီးပြီဖြစ်သည်...ကိုယ့်တူမနှင့် တန်းတူ ဂရုဏာလဲ ထားမိခဲ့ပါသည်...

ခုတော့ ကိုယ့်တူမကို မေတ္တာရှိသတဲ့လား...

'တီလေးကို ဇော်အားနာနာနဲ့ပဲ ခွင့်တောင်းတာပါ...တကယ်တော့ လေပြေက ဇော်ချစ်နေတဲ့ ကောင်မလေးပါ...တစ်သက်လုံး သူတစ်ယောက်ကလွဲပြီး ဘယ်သူ့ကိုမှလဲ မချစ်ဖူးပါဘူး...ဇော် တီလေးကိုတော့ ပွင့်ပွင့်လင်းလင်း ပြောပြထားမယ်လို့ ဆုံးဖြတ်ထားလို့ပါ...ဇော်ပြောတာတွေ တီလေးမယုံမှာစိုးလို့ သားငယ်ကိုပါ ခေါ်လာတာပါ...'

မောင်ငယ်လေးကလဲ မျက်မှန်ကို ပင့်ကာပင့်ကာ သူမကို ရယ်ပြ၍...

"ဟုတ်ပါတယ်ခင်ဗျ...ကျွန်တော်က မကြီးတို့အကြောင်းကို အသိဆုံးပါ...မကြီးက မမလေပြေကို ကျောင်းသူဘဝမှာကတည်းက ချစ်ခဲ့တာပါ...ကျောင်းပြီးလို့ နိုင်ငံခြားမှာ သွားနေတုန်းကလဲ မေတ္တာမပျက်ခဲ့ပါဘူးခင်ဗျ...အဲဒါက ကျွန်တော် အာမခံပါတယ်...မကြီးက အိမ်ကိုပစ်ပြီးတော့ကို မမလေပြေနဲ့ နီးတဲ့နေရာမှာ လာနေနေတာ...ကျေးဇူးပြုပြီးတော့ မကြီးတို့ကို လက်ခံပေးပါ တီလေး..."

ကိုယ့်ကိုပါ တီလေး ကောက်ခေါ်နေသည့် ဆရာဝန်လေးကို ပြူးကြည့်နေမိကာ ဒေါ်သက်နှင်း ဘာပြန်ပြောရမလဲမသိ...

"ဇော်တကယ်တော့ မေမေလဲမရှိတော့ တီလေးကိုပဲ မိဘလို သဘောထားခဲ့တာပါ...အဲတာကြောင့် ဘာပဲဖြစ်ဖြစ် တီလေးကိုတော့ သေချာပြောပြထားချင်လို့ပါ..."

မဝံမရဲငေးကြည့်နေသည့် မျက်နှာလေးကို ကြည့်ပြီး သက်ပြင်းချမိကာ...

Second ChanceWhere stories live. Discover now