အပိုင်း(၁၆)

7.5K 532 2
                                    

Unicode

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာမှ ခေါင်းရင်း ပြတင်းပေါက်ကို နှုတ်သီးလေးနှင့် တဒေါက်ဒေါက်လာခေါက်သော ငှက်တွေကြောင့် ဇော်နိုးလာရသည်...

မနေ့ညက အိပ်ရာဝင်နောက်ကျနေပေမယ့် အိပ်ရေးတော့ ဝသည်မို့ လန်းလန်းဆန်းဆန်း နိုးလာပါသည်...

တစ်ဆက်တည်းမှာပဲ တိုက်ခန်းမှာ တစ်ယောက်တည်းနေနေတာကို သတိရလိုက်သည်...

"ဟူး...မနက်စာပြင်ပေးမယ့်လူလဲ မရှိဘူးပဲ..."

ဇော်စိတ်ပျက်လက်ပျက်ဖြစ်သွားပေမယ့် ကိုယ်နေတဲ့ နေရာက အချစ်ကလေးနဲ့ ဘေးချင်းကပ်မို့ ကျေနပ်ဖို့တော့ ကောင်းသားပင်...

အဲတာကြောင့် ညက နွေးနွေးထွေးထွေး အိပ်ပျော်သွားတာ ဖြစ်မည်...

"ကဲ ဆက်မခေါက်ပါနဲ့တော့...ငါလဲ နိုးနေပါပြီဟ...လာ..လာ..နင်တို့ကို အစာကျွေးမယ်..."

ဇော် ဆန်စေ့လေးတွေကို လက်တစ်ဆုပ်ခန့်ယူကာ ပြတင်းပေါက်ကို ဖွင့်ပြီး ဘောင်ပေါ်သို့ တင်ပေးလိုက်ပါသည်...

အားရပါးရစားနေကြသည်ကို ပြုံးကြည့်ရင်း မျက်လုံးက တိုက်အောက်သို့ အကြည့်ရောက်သွားသည်...

"ဟင်..."

လေပြေရယ်ပါ....ဝတ်ထားသော နံ့သာရောင်ရင်စေ့လေးက ကိုယ်ပေါ်မှာ ချပ်ချပ်ကပ်ကပ်နဲ့ လှနေသည်... အနောက်မှာ စုစည်းထားသော ဆံနွယ်လေးတွေက ခွေခွေလိပ်လိပ်လေးနှင့် ရှင်းနေသည်မို့ ကျော့ရှင်းသော လည်တိုင်လေးကို မြင်နေရသည်...လက်ကိုင်အိတ်အဖြူရောင်လေးကို ကိုင်လာကာ အောက်မှာ ရပ်ထားသော ကားဆီသို့ တန်းတန်းမတ်မတ် လျှောက်လာသည်ကို တွေ့လိုက်ရသည်...

ပုံမှန်ဆို မနက်နိုးတာနဲ့ ချစ်တဲ့သူကို မြင်ရရင် ကြည်နူးဖို့ ကောင်းမှာ သေချာပေမယ့် ခုတော့ လေပြေကားဆီမရောက်ခင် ကားတံခါးတစ်ချပ်ပွင့်လာကာ လူရည်သန့်သန့်နှင့် လူတစ်ယောက်က ဆင်းလာကာ လေပြေ့ကို ဆင်းကြိုသည်ကို တွေ့လိုက်သည်မို့ ဇော်စိတ်တိုသွားရသည်...

"ဘယ်သူလဲ... လေပြေ့ကို လာကြိုတာလား..."

လေပြေကို ထိုလူက ရယ်ရယ်မောမော စကားလှမ်းပြောကာ လေပြေတက်ဖို့ ကားတံခါးကို ဖွင့်ပေးလိုက်သည်....

Second ChanceWhere stories live. Discover now