အပိုင်း (၂၃)

7.9K 578 17
                                    

Unicode

"ဒေါက်တာလေးတို့ လာပြီဟေ့..."

ရောက်တာနဲ့ အေးချမ်းရသည့်နေရာ...အားလုံးကို ပြုံးပြနှုတ်ဆက်ပြီး လေပြေနှင့် ကိုရှင်းသန့်က ကားပေါ်က ဆင်းသည်...

"နေကောင်းကြလား အဘွားတို့..."

"ကောင်းပါတယ် ကလေးတို့ရယ်..."

ဒီနေ့က ခါတိုင်းလို ဆေးလာစစ်​ပေးတာပါ...နွေးပါ လိုက်မယ်ပြောထားပေမယ့် ဒီမနက်မှ အရေးကြီးကိစ္စပေါ်လာလို့ မလိုက်ဖြစ်တော့ ကိုရှင်းသန့်ပဲ လေပြေ့ကို လာကြိုလာတာ...

ဒီတစ်ခေါက်က လှူဖို့ ပစ္စည်းတွေပါ သေချာစီစဥ်ပြီး ဝယ်လာတော့ ကားပေါ်မှာလဲ ပြည့်ကျပ်နေသည်...ကိုရှင်းသန့်က ကားပေါ်က ပစ္စည်းတွေကို အောက်ကို ဝိုင်းချနေရင်း လေပြေ့ဘက် လှည့်ကာ...

"အထဲဝင်နှင့် လေပြေ...ကျွန်တော် ဒါလေး ဝိုင်းချလိုက်ဦးမယ်..."

"ဟုတ်ကဲ့..."

အထဲဝင်လာတော့ ရင်းနှီးနေပြီဖြစ်တဲ့ အဘိုးအဘွားတွေက ဝမ်းသာအားရ ဝိုင်းနှုတ်ဆက်ကြသည်...

"အဘွားတို့က မျှော်နေတာ...ကလေးတို့ကို အရင်ပတ်ကများ လာမလားလို့ကွယ်..."

"အရင်ပတ်က လေပြေက မအားဘူးဖြစ်နေတာနဲ့ မလာရလို့ပါ အဘွားရယ်...နောက်ကို မကြာမကြာလာခဲ့ပါမယ်နော်..."

သားသမီးတွေနဲ့ ခွဲနေရသည့်အလျောက် ဘယ်သူ့ကိုမဆို သံယောဇဉ်တွယ်နေရှာသည့် အဘိုးအဘွားတွေကို လေပြေ ကြင်နာစွာ ကြည့်နေမိသည်...

လေပြေလဲ မိဘမရှိတော့တဲ့အတွက် မိဘအစားရသလို ခံစားရပါသည်...ဒါကြောင့် ကိုရှင်းသန့် ခေါ်တိုင်း တစ်ခါမှ မငြင်းဘဲ လိုက်လာပေးဖြစ်နေတာပါ...

"ကဲ ကျွန်တော်တို့ စကြည့်ပေးရအောင် လေပြေရေ့..."

"ဟုတ်ကဲ့...လေပြေ ဒီဘက်ကပဲ စကြည့်ပေးလိုက်မယ် ကိုရှင်းသန့်..."

"ဟုတ်ပြီဗျာ..."

နားကြပ်လေးနဲ့ စမ်းသပ်လိုက် ကိုယ်လေးကို အနည်းငယ်ကိုင်းညွတ်ကာ ပြောတာတွေကို သေချာနားထောင်ပေးလိုက် တစ်ချက်တစ်ချက် ရယ်ပြီး ဆံပင်တွေကို သပ်လိုက်နဲ့ ကြည်သန့်နေသော ဆရာဝန်မလေးကို ချစ်စနိုးလှမ်းလှမ်းကြည့်ရင်း သူပြုံးနေမိသည်...

Second ChanceWhere stories live. Discover now