အပိုင်း (၁၁)

6.2K 492 5
                                    

Unicode

ခုဆို မေမေဆုံးတာတောင် နှစ်လကျော်လာပြီမို့ ဇော်လဲ တည်ငြိမ်သင့်သလောက် တည်ငြိမ်လာပြီဖြစ်သည်....နောက်ဆုံးစာမေးပွဲကလဲ နီးပြီကိုး....

ဒီတစ်လောအတွင်း ဇော့်မှာ ကိုယ့်ကိုယ်ကိုယ် မနည်းကြိုးစားပြီး ပြန်တည်ဆောက်နေရသသည်မို့ သူငယ်ချင်းတွေနဲ့တောင် မတွေ့ဖြစ်ပါ....မေတို့ သက်ထားတို့ကတော့ ဇော့်ဆီ ခဏခဏဖုန်းဆက်ပါသည်...ဇော်ကသာ မဆက်ဖြစ်တာပါ....

ခုလဲစာကြည့်တာများပြီး ညောင်းလာသလိုပဲမို့ အိပ်ယာပေါ် အသာလှဲချပြီး ဖုန်းသုံးမလို့ စဉ်းစားလိုက်ပါသည်....

ဖုန်းသုံးနေတာတောင် ဘယ်လောက်မကြာသေး...messengerမှာ notiဝင်သံကြောင့် ကြည့်မိတော့ လေပြေ့ဆီကပါ....

"မမဇော်....နေကောင်းရဲ့လားဟင်...."

"အင်း..ကောင်းပါတယ်.... အသွေးရော..."

"လေပြေက နေကောင်းပါတယ် မမရဲ့...မမကို စိတ်ပူနေတာ...မတွေ့ရတာလဲ ကြာပြီဆိုတော့..."

"အင်း.... ကိုယ်က စာမေးပွဲအတွက် ပြင်နေရလို့ ဘယ်မှမထွက်ဖြစ်ဘူး...."

"အော်....လေပြေလဲ စာမေးပွဲနီးနေပြီ...ဒါနဲ့ မမသင်တန်းတော့ ဆက်တက်ဖြစ်မယ်မလားဟင်..."

"အင်း....စာမေးပွဲပြီးမှပေါ့..."

"အော်...."

"ကိုယ် စာဆက်ကြည့်လိုက်ဦးမယ်...အသွေးလဲ စာလုပ်ပါဦး..."

"ဟုတ်...မမ...''

အနည်းငယ် ရိုင်းသွားနိုင်သော်လဲ ဇော် စကားစဖြတ်လိုက်မိသည်....ခုတလော ဇော် လေပြေနဲ့ပတ်သက်ပြီး ခံစားချက်မကောင်းနေပါ....ဘာကြောင့်ရယ်မှန်းမသိ....ဟိုနေ့က သက်ထားနဲ့ ဖုန်းပြောဖြစ်တုန်းက အကြောင်းကြောင့်လားတော့မသိပါ....တွေးရင်းနဲ့ သက်ထားစကားတွေနားထဲ ပြန်ကြားယောင်လာသည်....

"နင့်အမေဆုံးမှန်းသိတော့ လေပြေပုံစံများ မြင်စေချင်တယ်...သိလား.....အရမ်းကို မျက်နှာပျက်ပြီး နင့်အတွက် စိုးရိမ်နေတာ....သူက ဘာမှ မပြောပေမယ့် သူ့မျက်လုံးထဲမှာတော့ မြင်နေရတယ်သိလား....ဒီကောင်မလေး မရိုးသားနေဘူး နင့်ကို.... "

Second ChanceWhere stories live. Discover now