Unicode
အချိန်က ဘယ်လောက်မှ မရှိသေးသော်လဲ မမဇော်နှင့် တီလေးတို့ရဲ့ ရင်းနှီးမှုကတော့ အံ့သြရလောက်သည်...မမဇော်လို ဘယ်သူ့ကိုမှ စကားကို ဟုတ်တိပတ်တိပြောလေ့မရှိတဲ့သူက တီလေးနဲ့ဆိုရင်တော့ တော်တော်ကို ဖော်ဖော်ရွေရွေပြောလေ့ရှိသည်...တီလေးလိုအပ်သမျှကိုလဲ အလိုက်တသိ ကူညီပေးလေ့ရှိသဖြင့် လေပြေ့ထက်ပင် တီလေးက သူ့ကို ပြောဆိုတိုင်ပင်လေ့ရှိနေပြီဖြစ်သည်...
အခုဆို ရုံးပိတ်ရက်တိုင်း တီလေးက တစ်ခုခု ချက်ကျွေးလေ့ရှိပြီး မမဇော်က ဝိုင်းကူနေကြဖြစ်နေပြီ...
သူတို့နှစ်ယောက် ပြင်ဆင်ချက်ပြုတ်ပြီးမှ အိပ်ရာက မထသေးတဲ့ လေပြေ့ကို လာနှိုးလေ့ရှိပါသည်...
ဒီနေ့လဲ မနက်အစောကြီးထဲက စကားပြောသံ ချက်ပြုတ်သံတွေ ကြားနေရပြီဖြစ်ပေမယ့် လေပြေက မထနိုင်သေးပါ...
"ဒေါက်..ဒေါက်...မီးငယ်ရေ့ ထတော့လေ... မနက်စာစားရအောင်...တီလေးတို့ ပြင်ထားပြီးပြီနော်..."
"ထပြီ...တီလေး...လာခဲ့မယ်..."
"အေးအေး...."
ခုဆို လေပြေ့မှာ အခန်းတံခါးချက်ချအိပ်သည့်အကျင့် ရှိနေပြီဖြစ်သည်...မထင်ရင်မထင်သလို အခန်းထဲ ရောက်လာတတ်သည့် မမဇော်ကို ကြောက်လွန်း၍ပါ...ဒါပေမယ့် မမဇော်ကလဲ မနက်ဘက်ဆို လေပြေ့အခန်းကို မလာပါ...ဘာလို့လဲတော့မသိ...
လေပြေထွက်လာတော့ မမဇော်ကို ထမင်းစားပွဲမှာ အခန့်သား မြင်လိုက်ရသည်...
"လာ...မီးငယ်...တီလေးတို့ အုန်းနို့ခေါက်ဆွဲချက်ထားတာ...ကြိုက်တယ်မလား..."
"တီလေးတို့လို့ မပြောပါနဲ့ တီလေးရယ်...ဇော်က ဘာမှလဲ ဟုတ်တိပတ်တိဝိုင်းချက်တာ မဟုတ်ဘူး..."
မမဇော်က ရယ်ပြီးပြောတော့ တီလေးက မျက်စောင်းခဲပြီး...
"ဘာမကူရမှာလဲတော်...အကုန်လုံးရေဆေးလှီးချွတ်လုပ်ပေးနေတာ...တီလေးက ချက်ရုံပဲ ချက်ရတာကို..."
သူတို့နှစ်ယောက်စကားများနေချိန်မှာ လေပြေကတော့ ဆွဲနေပြီ...တီလေးက အုန်းနို့ခေါက်ဆွဲတို့ဘာတို့ချက်တာ အရမ်းကောင်းပါသည်...တီကြီးဆို တီလေးလက်ရာကို အသည်းစွဲ...
YOU ARE READING
Second Chance