အပိုင်း (၁၃)

6.4K 496 3
                                    

Unicode

ကျောင်းဖွင့်ရက်တွေ များလာတာနှင့်အမျှ လေပြေနဲ့ သုတဇော်နဲ့လဲ တိုး၍ ခင်မင်လာရသည်...သုတက မမဇော်လို ခပ်တည်တည်နှင့် စကားကို လေးလုံးကွဲအောင် မပြောတတ်သူမဟုတ်ပေ....သူ့အသက်အရွယ်လေးနှင့်သူ ဖော်ဖော်ရွေရွေနှင့် ခင်ဖို့ကောင်းလှပါသည်...မမဇော်ရဲ့မောင်လေး ဖြစ်တာကတစ်ကြောင်း အမေဆုံးထားသည့် ကလေးဖြစ်နေလို့တစ်ကြောင်းမို့လေပြေ သုတကို သနားလဲသနား ခင်လဲခင်လှပါသည်...

သုတကလဲ တစ်ခုခုဖြစ်တိုင်း လေပြေ့ကို အားကိုးတကြီး ပြောဆိုတိုင်ပင်လေ့ရှိပါသည်....
ခုလဲကြည့်...

"မမလေပြေ...ကျွန်တော် music club ဝင်ချင်လို့ ဝင်လိုက်ရမလားဟင်..."

"ဝင်ပေါ့ သုတရဲ့....uni lifeမှာ activitiesတွေကအသက်ပဲ...ကိုယ်လုပ်ချင်တဲ့ဟာကို ရတဲ့အချိန်လေးမှာ ပြေးသာလုပ်...မမတုန်းကဆို ဘာactivitiesမှမလုပ်ခဲ့တာ ခုဆို နောင်တရနေရော....."

လေပြေက အစက သုတကို မောင်လေးလို့သာခေါ်ပါသည်....ဒါပေမယ့် ကိုယ်တော်ချောက သူ့ကို အဲလိုခေါ်တာ မကြိုက်လှပါ...သူနာမည်သာ ခေါ်ပါတဲ့လေ...

"ဒါနဲ့ သုတက အဆိုဝါသနာပါတာလား..."

"မဟုတ်ဘူး... ကျွန်တော် instrunmentတီးရတာ ကြိုက်တာ...ဆိုတာတော့လဲ ဆိုတာပေါ့လေ..ဒါပေမယ့် ဒီတိုင်းအပျော်ပေါ့... ကျွန်တော်က အသံမှမကောင်းတာ....''

"ဪ...instrunmentက ဘာတီးတာလဲ..."

"အင်း.... ဆယ်တန်းပြီးစကတော့ ကျွန်တော် pianoသင်ဖူးတယ်ဗျ....သင်တန်းတက်ပြီးတော့လေ...တအားအကျွမ်းကြီးမဟုတ်ပေမယ့် တော်တော်တော့ တီးလို့ဖြစ်သွားတယ်...ဟဲဟဲ.... ခုကတော့ ကျွန်တော် guitarသင်ချင်လို့...."

"အင်း အဲဒါဆို မမတို့yrက music clubထဲ ပါတဲ့သူတွေနဲ့ မမမိတ်ဆက်ပေးထားမယ် သုတကို...."

"ဟုတ်... ကျေးဇူးပါဗျာ...မမလေပြေကိုပဲ အားကိုးနေရတော့တာပဲ...မမဇော်ကတော့ မအားဘူး မအားဘူးနဲ့ တစ်ခါမှလဲ မသင်ပေးဘူး...."

"ဘယ်လို... မမဇော်က ဂစ်တာတီးတက်တာလား..."

"အဟား....သူက စကျွမ်းကြီးဗျ...သင်တန်းတွေလဲ အများကြီးတက်ထားတာ....ကျွန်တော့်ကိုတော့ ငယ်သေးတယ်ဆိုပြီး မသင်ပေးဘူး..."

Second ChanceWhere stories live. Discover now