အပိုင်း(၁၇)

7.6K 557 4
                                    

Unicode

"အဲတော့ နင်တို့က တစ်နေ့လုံး တူတူရှိနေခဲ့တာပေါ့လေ..."

"ဘာကိုတူတူရှိရမှာလဲ မိနွေးရဲ့...သူလဲသူဟာသူဆေးကု ငါလဲ ငါ့ဟာငါလူနာကြည့်နေတာပေါ့...
နင်နော်...ငါ့ကို လိုက်စကားနာထိုးမနေနဲ့...နင်ကဖြင့် မလိုက်ဘဲနဲ့..."

"ဟီး...နောက်တစ်ခါ လိုက်ပါ့မယ်ဟာ...ဒါနဲ့ ဒေါက်တာရှင်းသန့်ကျော်က ဘယ်လိုမျိုးလဲ... နင်စကားပြောကြည့်တော့..."

ရယ်ရယ်ပြုံးပြုံးနဲ့ အမြဲတက်ကြွနေပြီး အလုပ်မှာလဲ စေတနာရှိတဲ့ ကိုရှင်းသန့်ပုံရိပ်ကို မျက်လုံးထဲ ပြေးမြင်လိုက်ပါသည်...

"လူကောင်းပေါ့ဟာ...လူချစ်လူခင်လဲတော်တော်များတယ်...အဲက အဘိုးအဘွားတွေဆိုရင် သူ့ကို တအားချစ်ကြတာလေ...သူများ မလုပ်နိုင်တဲ့ ပရဟိတတွေလဲ လုပ်တယ်ဆိုတော့ စိတ်ဓာတ်လဲ တော်တော်ပြည့်ဝပုံ ရပါတယ်..."

"အင်းပါ...ဝိုး...ဒီလူတော့ အမှတ်တွေ အများကြီး ရသွားတာပဲ..."

"ကဲ နင်မတော်သေးပြီလား...မိနွေး..ငါက နင်မေးလို့ ပြောပြနေတာကို..."

"ဟီဟီး... အေးပါ...မစတော့ပါဘူး...ငါလဲဗိုက်ဆာနေပြီ... မြန်မြန်သွားရအောင်..."

"ဟွန့်..."

လေပြေ နွေးကိုမျက်စောင်းလှမ်းထိုးပြီး ဆေးရုံထောင့်ရှိ ထမင်းဆိုင်ဆီသို့ ခပ်သုတ်သုတ် လှမ်းလာလိုက်သည်...ထမင်းဆိုင်က တော်တော်ကို သန့်သန့်ရှင်းရှင်းနဲ့ ကျန်းမာရေး လမ်းညွှန်ချက်တွေနဲ့အညီ ဖွင့်ထားတာ ဖြစ်လို့ လေပြေတို့ နေ့ခင်းဘက်တော်တော်များများ စားကြလေ့ရှိပါသည်...

စားပွဲမှာထိုင် ဟင်းတွေမှာပြီးတော့မှ ပတ်ဝန်းကျင်ကို သတိထားမိသွားတဲ့ နွေးက...

"ဟဲ့...လေပြေ ကြည့်ပါဦး....ဘေးက ​မြေကွက်မှာ
ဘာဆောက်ဖို့ လုပ်နေတာလဲမသိဘူး... "

အလုပ်သမားတွေနဲ့ ဆူညံရှုပ်ယှက်ခပ်နေတဲ့ ခြံဘက်ကို လေပြေက လှည့်ကြည့်လိုက်ပြီး...

"Mini martဖွင့်မှာလို့တော့ ပြောသံကြားတယ်...မနက်က ဂိတ်က ဦးလေးကြီး ပြောနေတာ..."

"ဟယ်...ဟုတ်လား...ကောင်းလိုက်တာ...ဒီမှာ ပစ္စည်းတော်တော်များများကို မြို့ထဲမှာ သွားသွားဝယ်နေရတာ...နီးနီးနားနားမှာ mini martရှိတော့ ငါတို့အတွက်လဲ တော်တော်အဆင်ပြေသွားပြီ..."

Second ChanceWhere stories live. Discover now