အပိုင်း(၁၉)

7.8K 562 3
                                    

Unicode

"ဒေါက်...ဒေါက်..."

"ဝင်ခဲ့ပါ..."

တံခါးအသာဟသွားပြီး ကောင်းမြတ်က အရေးတကြီးဝင်လာပါသည်....

"ဘာကိစ္စလဲ..."

"ဒီလိုပါ...boss... clientတစ်ယောက်က decorateသီးသန့် လာအပ်ထားပါတယ်...အဲဒါ ရှိတဲ့ decoration ထည့်ပေးတဲ့ အဖွဲ့နဲ့ တစ်ပတ်လောက်ဆွေးနွေးပြီး ဆွဲနေပေမယ့် သူက လုံးဝစိတ်တိုင်းမကျဘဲ complainတက်နေလို့ပါ..."

ဇော်မျက်မှောင်ကြုပ်လိုက်ကာ...

"သူက အခုရှိနေသလား..."

"ဟုတ်ကဲ့...သူက တာဝန်ရှိတဲ့သူနဲ့ တွေ့မယ်လို့ ပြောနေပါတယ်..."

"Okလေ....ကိုယ်သွားတွေ့မယ်..."

ဇော် ဧည့်သည်ခန်းဆီကို အသာလျှောက်လာကာ ဝင်လာလိုက်တော့ ပြတင်းပေါက်ဘက်ကို မျက်နှာမူထားသော အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရပါသည်...

ကျစ်လစ်သော ကိုယ်လုံးကိုယ်ပေါက် မြင့်မားသောအရပ် လှပစွာ ခွေကျနေသော ဆံနွယ်တို့နှင့် သူမက နောက်ကျောက မြင်ရတာတောင် အတော်လှနေပါသည်...

အသက်ကတော့ ငယ်ဦးမည်ဟု ခန့်မှန်းရပါသည်...

တံခါးဖွင့်သံကြောင့် သူမက ဇော့်ဘက်ကို လှည့်လာပါသည်...မျက်နှာကို မြင်ရတော့ ဇော် ဝိုးဟုပင် ရင်ထဲက ရေရွတ်မိသွားသည်...အနောက်တိုင်းမင်းသမီးများတွင် တွေ့ရလေ့ရှိသည့် မျက်နှာပေါက်မျိုးနှင့် သူမက ညှို့အားပြင်းစွာ လှနေ၍ပင်...

"မဂ်လာပါ... ခဏလောက်ထိုင်ပါဦး..."

"Okလေ..."

စိတ်ဆိုးနေမည်ဟု ထင်ထားပေမယ့် သူမက အေးအေးဆေးဆေးပင် ပြုံးကာ ခုံမှာဝင်ထိုင်လိုက်ပါသည်...

"ဒီက အစ်မလား ညီမလားမသိဘူး...အဆင်မပြေ..."

ဇော်ပြော၍မဆုံးသေး...ထိုတစ်ယောက်က...

"မင်းနဲ့ဆို ရွယ်တူပဲ..."

"ဘယ်လို.... "

"ဪ...ကိုယ်ပြောတာက ရွယ်တူလောက်ဖြစ်မယ်လို့ ထင်တယ်လို့ပြောတာပါ..."

ပြုံးစိစိနဲ့ စကားပြောပုံကြောင့် ဇော်ရင်ထဲ တစ်မျိုးဖြစ်သွားပေမယ့် စိတ်ကိုလျှော့ကာ...

Second ChanceWhere stories live. Discover now