အပိုင်း (၁၄)

6.5K 515 8
                                    

Unicode

ခုတလော သားငယ် တော်တော်မူပျက်နေသည်ဟု ဇော်ထင်ပါသည်...

အမြဲ သွက်သွက်လက်လက် ပျော်ပျော်ရွှင်ရွှင် နေတတ်သည့် ကလေးက ခုဆို တမှိုင်မှိုင် တထွေထွေနှင့် ထမင်းလဲ ကောင်းကောင်းမစားပါ....

သားငယ်က ဇော်မရိပ်မိအောင် ထိန်းထိန်းသိမ်းသိမ်းနေနေပေမယ့် မေမေဆုံးပြီးကတည်းက ဒီကလေးရဲ့ မျက်နှာကိုပဲ အရိပ်တကြည့်ကြည့် နေလာခဲ့သည့် ဇော်က ရိပ်မိပါသည်....

ဒီလိုဖြစ်နေရသည့် အကြောင်းရင်းက ရည်းစားသနာကိစ္စကြောင့်သာ ဖြစ်မည်ဟုလဲ တွေးမိပါသည်...

ဟိုတစ်ခေါက် ချစ်သူရည်းစားကိစ္စနဲ့ပတ်သတ်ပြီး သားငယ်နဲ့ဇော် စကားပြောပြီးကတည်းက သားငယ်နဲ့ သူ့သူငယ်ချင်းတွေ စကားပြောကြရင်တောင် စနောက်တဲ့ကိစ္စတွေ မရှိတော့တာ ဇော်တစ်စွန်းတစ်စ နားထောင်ပြီး သိနေပါသည်...

ခုဆို တော်တော်တောင် ကြာရောပေါ့.... ဇော် သိချင်စိတ်တွေနှင့် သားငယ်အခန်းထဲ ဝင်လာခဲ့သည်...ရေသံသဲ့သဲ့လေး ကြားသဖြင့် သားငယ်ရေချိုးနေမှန်း သိလိုက်သည်...

သားငယ်ကို စောင့်ရင်း ဇော်စာကြည့်စားပွဲမှာ ထိုင်လိုက်တော့ မျက်လုံးက ဖွင့်လက်စ စာအုပ်ထောင့်လေးမှာ ရေးခြစ်ထားသည့် စာသားလေးကို သွားတွေ့သည်....

"ကိုယ့်ကို ကစားနေမှန်းသိရက်နဲ့
ဘာလို့ ငြိမ်နေပေးရမှာလဲ....

ပင်ပန်းတယ်ဆိုပေမယ့် မျိုသိပ်ထားရမှာပဲ...

ခင်ဗျားကို ချစ်ပေမယ့် မုန်းတယ်....မမ"

ဇော် ထိုစာသားလေးကို အတန်ကြာ စိုက်ကြည့်နေရင်းမှ အခန်းထဲက ပြန်ထွက်လာခဲ့သည်...

သူ့ရဲ့ အချစ်ရေးကအစ အစ်မဖြစ်သူက အကုန်သိနေရင် သူသိမ်ငယ်နေရတာတွေကိုပါ သိနေရင် သားငယ်က ရှက်ရှာမှာပေါ့...

ဒါပေမယ့် ကိုယ့်မောင်လေးရဲ့ ပထမဆုံးအချစ်ကိုတော့ ဒီလိုမျိုးကြီး မဖြစ်စေချင်ပါ...

ဇော်ဆုံးဖြတ်ပြီးတော့ contactထဲက မခေါ်တာကြာပြီဖြစ်တဲ့ နံပါတ်လေး တစ်ခုကို နှိပ်လိုက်ပါသည်...

Second ChanceWhere stories live. Discover now