အပိုင်း(၁၅)

7.1K 522 10
                                    

Unicode

ရင်ဘတ်တစ်ခုလုံး မွန်းကြပ်နေတာ ဘယ်လိုမှ မခံစားနိုင်တော့တဲ့အဆုံး ဇော် သက်ထားနှင့် မေ့ကို လှမ်းခေါ်ပြီး တွေ့ဖို့ ချိန်းလိုက်မိပါသည်...

မျက်နှာပျက်ပျက်နှင့် ဇော့်ပုံစံကို ကြည့်ပြီး သက်ထားနှင့် မေက ဘာမှပြန်မမေးဘဲ ဇော်ပြောသမျှ နားထောင်ပေးရှာပါသည်....

အလုံးစုံနားထောင်ပြီးသွားတော့ သက်ထားက...

"ငါထင်တာတော့ နင်မှားသွားပြီ ဇော်..."

"ဟင်...."

"သားငယ်နဲ့ လေပြေက နင်ထင်သလို ဆက်ဆံရေးမျိုး မဟုတ်လောက်ဘူး.... "

"နင်တစ်ခုခု သိထားတာ ရှိလို့လား...."

မေက သက်ထားကို လှမ်းမေးပါသည်....

"ငါအစကတည်းက နင့်ကို ပြောပြထားမလို့ပဲ ဇော်...သားငယ်က ငါတို့finalက ကောင်မလေးတစ်ယောက်ကို တော်တော်သဘောကျနေတယ်လို့ ကြားတယ်...ပြောရရင် ကောင်မလေးက ရှုပ်တယ်ဟ...သူက သူ့ကို သဘောကျလို့စကားလာပြောတဲ့ ကောင်လေးတိုင်းကို ပြန်အီတာ...သားငယ်ကိုလဲ အဲလိုပဲ...သားငယ်က အစက မသိဘူး... နောက်မှ သူ့သတင်းတွေ ကြားပြီး နောက်ဆုတ်ဖို့ ကြိုးစားနေတာတဲ့...ဒီတိုင်းပြီးသွားမယ့်ကိစ္စလို့ ထင်တာနဲ့ ငါနင့်ကို မပြောပြလိုက်မိတာ ဇော်...."

သက်ထားက ငြိမ်ကျသွားသော ဇော့်ကို သနားကြင်နာစွာ ကြည့်လိုက်ရင်း....

"ငါ လေပြေ့ကို ပြန်ရှင်းပြပေးမယ်လေ..နော်...နင်စိတ်ပူမနေနဲ့...."

"ထားလိုက်တော့..."

"ဟင်..."

"သူနဲ့ငါ ထပ်တွေ့ဖို့ မရှိတော့ဘူး...ပြီးတော့ သူငါ့ကို မုန်းသွားလဲ ကောင်းတာပဲ.... ကြာသွားရင် သူငါ့အပေါ် ခံစားချက် ရှိဖူးတာကို မေ့သွားလိမ့်မယ်...နောက်တစ်ချိန်ပြန်တွေ့ရင် အားမနာရတော့ဘူးပေါ့..."

"ဒါဆို နင်ကရော ဇော်....နင်လေပြေ့ကို သံယောဇဥ်မရှိဘူးလား...."

နှုတ်ခမ်းကို တင်းတင်းစေ့ကာ တိတ်ကျသွားသော ဇော့်ကို ကြည့်ပြီး မေက သက်ထားကို အတင်းဆက်မမေးဖို့ မျက်ရိပ်ပြလိုက်ပါသည်...

Second ChanceWhere stories live. Discover now