အပိုင်း(၁၀)

6.6K 529 3
                                    

Unicode

"ထိုင်ပြီးစောင့်ပါ...မေမေရယ်...ကျန်းမာရေးလဲကောင်းတာမဟုတ်ဘဲနဲ့..."

အပြင်ကိုမျှော်ကြည့်ပြီး ဟိုလျှောက်ဒီလျှောက်လုပ်နေသော မေမေ့ကို ဇော်ရင်မောစွာကြည့်ပြီး
ပြောလိုက်သည်...ဒီနေ့က ဆယ်တန်းစာမေးပွဲစဖြေသော နေ့ဖြစ်၍ သားငယ်ကို အားလုံးစိတ်ပူနေကြခြင်းဖြစ်သည်.... သားငယ်က ကောင်းကောင်းဖြေလာမှာသိပေမယ့်ပေါ့လေ...

"မထိုင်နိုင်ပါဘူးတော်...ကျုပ်သားလေးကို စိတ်ပူရတာပေါ့..."

"သားငယ်က သေချာဖြေလာမှာပါ..မေမေရယ်..
မေမေ ခုတလော ဆေးရောသေချာသောက်နေရဲ့လား...မျက်နှာက ဖျော့နေတယ်...မောင်လေးကို တစ်ညလုံး ထိုင်မစောင့်နေပါနဲ့ဆိုလဲ​ ပြောမရဘူး..."

ဇော့်မေမေက နှလုံးသွေးကြောကျဥ်းနေ၍ အနေအထိုင်အစားအသောက်ဆင်ခြင်နေရတဲ့သူပါ...ဆေးကလဲ ပုံမှန်သောက်ရသည်ဖြစ်ရာ ဆေးဒဏ်ပိနေသဖြင့် လူက အမြဲ ဖြူဖျော့နေပါသည်...

ပြောရရင် မေမေနေမကောင်းတာကို လိုက်ဂရုစိုက်နေရ၍ ဇော်တို့မောင်နှမက မေမေနဲ့ အနေနီးကြပါသည်...ဖေဖေနဲ့ကတော့ ဖက်လှဲတကင်းသိပ်မရှိကြပါ...

"ဟော...ပြောရင်းဆိုရင်း လာပါပြီ..."

ဖေဖေမောင်းလာသောကားက ဆင်ဝင်အောက်သို့ရောက်သည်နှင့် မေမေကထွက်ကြိုပါသည်...

သားငယ်က ကားပေါ်က ဆင်းပြီးသည်နှင့် မေမေ့ပါးကို တစ်ချက်လှမ်းမွှေးလိုက်ကာ...

"မေမေ့သားငယ်လေး...ဖြေလို့ရရဲ့လားဟင်..."

"ရတာပေါ့....မေမေရဲ့...သားက မကြီးကို ကျော်တက်မလို့ သေချာပြင်ထားတာ...ဟင်းဟင်း.."

"အေးပါ..သားငယ်ရယ်...မကြီး resultကို စောင့်နေမယ်နော်...ခုတော့အပြောမကြီးဘဲ နောက်ဘာသာကို သေချာပြင်လိုက်ဦး..."

"Yeah..."

ပြောင်စပ်စပ်နဲ့ သားငယ်ဆံပင်ကို ဇော်ချစ်စနိုးနဲ့ ဆွဲဖွလိုက်ပါသည်...သားငယ်ကတော့ ဇော်တို့တစ်အိမ်လုံးရဲ့ အသည်းကျော်ပင်...သားငယ်မျက်နှာတစ်ချက်အငြိုမခံအောင် ဝိုင်းအလိုလိုက်ထားကြသော်လဲ သားငယ်က မဆိုးပါ...ခုထိ ကလေးဆန်ဆန်နဲ့ အမေနဲ့ အစ်မကို ပတ်ချွဲနေဆဲသာဖြစ်သည်....

Second ChanceWhere stories live. Discover now