Extra 1

10.1K 559 40
                                    

Unicode

ဇော် အိမ်ပြောင်းတဲ့ကိစ္စတွေ အကုန်လုံး လုပ်ပြီးလို့ နာရီကြည့်လိုက်တော့ ၄နာရီ ထိုးကာနီးတော့မည်...ကားသော့လှမ်းယူပြီး ခပ်သုတ်သုတ်ထွက်လာလိုက်သည်....လေပြေကို သွားကြိုရဦးမယ်လေ...ဆေးရုံရှေ့ရောက်တော့ လေပြေကို မတွေ့ပါ...တစ်အောင့်လောက်နေတော့မှ နွေးနဲ့အတူ စကားပြောရင်း ထွက်လာသော ကောင်မလေးကို တွေ့လိုက်ရသည်...ဇော်ကားထဲမှ ထွက်ကာ သူမဆီ လျှောက်သွားတော့...

"မမဇော်ပါလား..."

လှမ်းမြင်လိုက်သော နွေးက အရင်နှုတ်ဆက်သည်...

"နွေးရော duty offပြီလား...."

"ဟုတ်တယ် မမဇော်ကရော လေပြေ့ကို လာကြိုတာလားဟင်..."

"အင်းပေါ့ အိမ်ပြောင်းမှာဆိုတော့ သူတစ်ယောက်တည်း ပြန်လို့မဖြစ်ဘူးလေ..."

"အိမ်ပြောင်းမှာလား...ကြည့်စမ်း...ဒီမိန်းမက ဘာမှမပြောဘူးရယ်..."

နွေးက လေပြေ့ကို လှမ်းထုရင်းပြောတော့ လေပြေက ပြုံးနေပါသည်...

" အဲကောင်မလေးက ဘာဖြစ်နေမှန်း မသိဘူး...ကိုယ့်ကိုလဲ စကားဟဟမပြောဘူး..."

ဇော့်အပြောကြောင့် လေပြေက ဖျက်ခနဲ မျက်စောင်းလှမ်းထိုးပါသည်..ပြီးမှ...

"ဘာကို မပြောရမှာလဲ...တော်ပြီ...ပြန်မယ်..."

စူပုပ်ပုပ်နဲ့ လေပြေ့ကို အကုန်လုံးက ဝိုင်းရယ်ကြပါသည်...ပြီးမှ နွေးက..

"ကဲကဲ...ဘာကိုကောက်နေမှန်း မသိပေမယ့် ချော့လိုက်ပါဦး မမဇော်ရေ့...ပြန်ပြီနော်..."

"Ok..ok...bye.."

နွေးကို နှုတ်ဆက်ပြီးတာနဲ့ ဇော်က လေပြေ့လက်ထဲက duty coatရယ် အိတ်လေးရယ်ကို လှမ်းယူလိုက်ပါသည်...လက်တစ်ဖက်က လေပြေ့လက်လေးကို ဖမ်းဆုပ်လိုက်ပြီး...

"လာ...ကားဆီ သွားရအောင်..."

ကားပေါ်ရောက်တော့လဲ မမလေးက ဘာမှမပြောပါ...ဇော်ခါးပတ်ကြိုးကို လှမ်းဆွဲယူကာ ပတ်ပေးလိုက်ပြီး ကိုယ်အရုတ် လေပြေ့ပါးလေးကို ဖျတ်ခနဲ လှမ်းနမ်းလိုက်ပါသည်....

"ဟာ...ရှင်နော်..."

ဇော်ရယ်ပြီး ကားကို အာရုံစိုက်မောင်းနေရင်း...

Second ChanceWhere stories live. Discover now