Special Episode

12.3K 566 26
                                    

Unicode

ကားပေါ်က ဆင်းလိုက်တာနဲ့ မမဇော်က လေပြေ့လက်လေးကို ထပ်ပြီး ဆုပ်ကိုင်လိုက်ကာ အနည်းငယ်ရှုပ်ထွေးနေသည့် လူကြားထဲ တိုးဝင်သည်။ဆိုင်ရှေ့ရောက်တော့ တစ်ချက်မော့ကြည့်ပြီး လေပြေပြုံးလိုက်မိပြန်သည်။ပထမဆုံးဆုံတွေ့ခဲ့ရသည့် ဒီဆိုင်၊သူ့ကိုချစ်တယ်ပြောခဲ့မိတဲ့ ဒီဆိုင်၊အသည်းတွေကွဲပြီး ဘယ်တော့မှ ထပ်မလာတော့ဘူးလို့ တွေးခဲ့သည့် ဒီဆိုင်။ခုနောက်တစ်ကြိမ် လာဖြစ်သည့်အခါမှာတော့ ချစ်ရတဲ့သူက ဘေးမှာလက်ချင်းထပ် ဆုပ်လျက်သား။

ဆိုင်ထဲဝင်လိုက်တော့ စိမ့်ခနဲ အေးသွားသည်။လေပြေ့ကို ဆေးရုံကဝင်ကြိုပြီး မမဇော်က ထူးထူးဆန်းဆန်း ဒီဆိုင်ကို ဝင်ချင်ပါသည်တဲ့။လေပြေလဲ ဆိုင်ကလေးကို လွမ်းနေရသည်မို့ မငြင်းဘဲ လာဖြစ်သွားပါသည်။

အောက်ထပ်မှာ မုန့်တွေ တူတူကြည့်နေသည့်တိုင် မမဇော်က လက်ကို မလွှတ်ပေ။ချစ်စဖွယ် cup cakeလေးများနှင့် မွေးနေ့ကိတ်လေးများကို လေပြေသဘောတကျ ရပ်ကြည့်နေမိသည်။

"မုန့်တွေယူလေ ကလေး..."

"အင်း...ယူမယ်လေ...ဒီမှာထိုင်ဦးမလား မမ..."

"အသွေးသဘော..."

"လေပြေတော့မထိုင်ချင်တော့ဘူး...လူကလဲ ပင်ပန်းနေပြီမို့လို့ မုန့်ပဲ ဝယ်သွားရအောင်လေ...တစ်ရက်ရက်မှ အေးအေးဆေးဆေး လာထိုင်ရအောင်..."

"အင်း...အဆင်ပြေတယ်လေ...ခဏ...ကိုယ်ထည့်စရာ သွားယူဦးမယ်..."

မမဇော်က ဆိုင်ထောင့်နားလေးရှိ မုန့်ထည့်စရာ ဗန်းလေးနဲ့ အညှပ်လေးကို သွားယူလာပါသည်။
လေပြေမုန့်တွေ ကြည့်နေတုန်း သူက အနားလာရပ်ကာ...

"ချောကလက်ကိတ်တစ်လုံးလောက် ဝယ်သွားရအောင်..."

"ဟင်...တစ်လုံးလုံး ဘာလုပ်မလို့လဲ...မမက စားချင်လို့လား..."

"အင်း...စားချင်နေတယ်...ချောကလက်ကို..."

ပြန်ဖြေသည့်လေသံက မချိုမချဥ်နဲ့မို့ လေပြေမျက်မှောင်ကြုတ်ကာ သူ့ကို မော့ကြည့်မိသည်။ရုတ်တရက် မတွေးမိသေး။သူက လေပြေ့ကို ငုံ့ကြည့်ကာ ခပ်ဟဟရယ်သည်။အဲတော့မှပဲ ချောကလက်ကြောင့် ဒုက္ခများခဲ့ရသည့်အဖြစ်ကို တွေးမိကာ လေပြေ တိုးတိုးဆဲရေးမိသွားသည်။ပြီးမှ မျက်စောင်းလှည့်ထိုးရင်း...

Second ChanceWhere stories live. Discover now