အပိုင်း (၇)

6.7K 491 0
                                    

Unicode

ဒီနေ့ စနေနေ့မို့ သင်တန်းလဲ ရှိ လေပြေနဲ့လဲ ချိန်းထားတာမို့ ဇော်စောစောထွက်ဖို့ ပြင်နေပါသည်....ခဲရောင် တီရှပ်လေးကို ဂျင်းအပြာဖျော့လေးနဲ့ တွဲဝတ်ကာ ကျောပိုးအိတ်လေး လွယ်ပြီး အိမ်ရှေ့ကို ထွက်လာတော့ ထမင်းစားခန်းထဲမှာ ထွက်လာသော မောင်လေးက ဇော့်ကို လှမ်းနှုတ်ဆက်သည်....သုတဇော်လို့ ခေါ်တဲ့ ဇော့်မောင်လေးက ဒီနှစ် ဆယ်တန်း ဖြေမှာဖြစ်သည်...ဇော်တို့ နှစ်ယောက်လုံးက ဉာဏ်ကောင်းသည့်အထဲ ပါသည်မို့ ဇော် သိပ်တော့ စိတ်မပူပါ....မောင်နှမ နှစ်ယောက်ထဲ ရှိသည်မို့ ဇော့်မောင်လေးကို ဇော်သိပ်ချစ်ပါသည်...

"မကြီး....သင်တန်းသွားတော့မလို့လား...."

"အင်း....ဟုတ်တယ်....သားငယ် ဘာမှာဦးမလဲ...

"အင်း...သားကို Golden arrow physics volume 2 ရယ် နောက် မုန့်တစ်ခုခုဝယ်ခဲ့ပေး..."

ခုချိန်ထိ သူ့ကိုယ်သူ သား..သား..နဲ့ ကလေးစိတ်မပျောက်သေးသော ကောင်လေးကို ဇော် ချစ်စနိုးကြည့်ပြီး....

"ဟုတ်ပြီ ဟုတ်ပြီ....မကြီးဝယ်ခဲ့ပေးမယ်နော်...."

"ဟုတ် မကြီး.....ကောင်းကောင်းသွားနော်...."

"အင်းပါ... သားငယ်က စာလုပ်ဦးနော်....."

"မေမေကြည့်နေပါတယ် သမီးကြီးရယ်...စိတ်ဖြောင့်ဖြောင့်နဲ့သွား....."

မေမေက ထမင်းစားခန်းထဲမှ ထွက်လာပြီးပြောတော့ ဇော်မျက်စောင်းတစ်ချက်ထိုးမိသည်....မေမေက အသက်နည်းနည်းကြီးပြီမို့ အနေအစား နည်းနည်းမှားတာနဲ့ နေမကောင်းဖြစ်တတ်သည်....

"မေမေနေမကောင်းဖြစ်မှာ စိုးလို့ပေါ့...."

"မကြီးကလဲဗျာ....သားက အဲလောက်ဆိုးနေတဲ့လူမို့လို့လား...."

"ဆိုးဆိုး မဆိုးဆိုး စိတ်ပူရတာပဲ....."

"အင်းပါ သမီးကြီးရယ်... သားငယ်က လိမ္မာပါတယ်...နောက်ကျနေရော့မယ်....သွားတော့လေ...."

"ဟုတ်ကဲ့ မေမေ....ဒါဆိုသမီးသွားပြီနော်...."

ဇော် အိမ်က ထွက်လာရင်း နာရီကြည့်မိတော့ ၁နာရီခွဲ....လေပြေနဲ့က ၂နာရီချိန်းထားတာမို့ နောက်တော့မကျသေးပါ.....ဇော်ကော်ဖီတစ်ခွက်မှာပြီး လေပြေ့ကို စောင့်ရင်း စာဖတ်နေပါသည်....

Second ChanceWhere stories live. Discover now