အပိုင်း (၈)

6.4K 492 1
                                    

Unicode

ဒီနေ့က presentationနေ့မို့ လေပြေစောစောလေး ထွက်လာခဲ့ပါသည်...ဆိုင်ရောက်တော့ မမဇော် မရောက်လာသေးပါ....လေပြေပြောရမယ့်အပိုင်းကို ပြန်ကြည့်နေတုန်း စားပွဲပေါ် ကော်ဖီတစ်ခွက် ရောက်လာလို့ မော့ကြည့်လိုက်မိတော့ မမဇော်....အမြဲတမ်း ခဲရောင် အမဲရောင်စသဖြင့် အရောင်မှိန်မှိန်လေးတွေကိုသာ ဝတ်တတ်သော သူမက ဒီနေ့မှာ မိုးပြာရောင် လည်ဝိုင်းလက်တံတောင်ဆစ်ကလေးနဲ့ အကျီအပျော့လေးကို အမဲရောင် စတိုင်ပန်ဖြင့် တွဲဝတ်ထားသဖြင့် မိန်းကလေးဆန်ဆန် လှနေပါသည်...လှသည်ဆိုတာထက် စမတ်ကျသည်ဟု ပြောရင် ပိုမှန်မလားပင်....

ဇော် ကုလားထိုင်ကို ဆွဲယူထိုင်လိုက်ပြီး ကိုယ့်ကို တအံ့တသြ မော့ကြည့်နေသော ကောင်မလေးကို ရှက်ကိုးရှက်ကန်း ပြုံးပြလိုက်ပါသည်...ပြသာနာကတော့ မေမေပင်...ဇော်presentationရှိသည်လဲ ကြားရော ဘယ်ကတည်းက ပြင်ထားလဲမသိတဲ့ ဒီအကျီကို အတင်းပင် ဝတ်ခိုင်းပါတော့သည်.
ဇော့်မှာ ငြင်းမရပြုမရနဲ့ မေမေဝမ်းနည်းမှာလဲစိုးသည်မို့ ဝတ်လာရတာပင်....ခုတော့ လူကြည့်ခံနေရပြီလေ...ဒါပေမယ့် လေပြေကလဲ ဒီနေ့မှ အကျီအပြာလေးကို တိုက်တိုက်ဆိုင်ဆိုငိပင် ဝတ်လာပါသည်....

"ရောက်တာ ကြာပြီလား အသွေး...".

"မကြာသေးပါဘူး မမရဲ့....မမက လှနေပါလား..."

"ရော် ကိုယ့်ကို အဲလိုမပြောစမ်းပါနဲ့...နေရခက်လို့.."

"ဟား...လှတယ်လို့ပြောရင် မကြိုက်တဲ့ မိန်းကလေး ရှိလို့လား မမဇော်ရဲ့... "

"ကိုယ်ရှိတယ်...တကယ်ပြောတာ... အဲလိုပြောရင်တကယ်ကို စိတ်ညစ်တာ..."

မျက်ခုံးလေး တွန့်ချိုးထားတဲ့ မမကို ကြည့်ပြီး လေပြေရယ်ချင်လာပါသည်...ချစ်ဖို့ကောင်းလိုက်တာ....ထိုင်ကြည့်ပြီး အကုန်ချစ်နေလိုက် လေပြေသွေးရေ......

"ဟုတ်ပါပြီ... မမဇော်မကြိုက်ရင် မပြောတော့ပါဘူး...ဒါပေမယ့် လေပြေတို့ ဒီနေ့က color matchနော်..."

"ဟုတ်ပါ့...သူများတွေတော့ ညှိလာတယ်ထင်နေမှာပဲ..."

"ဟီးဟီး... လေပြေတို့ အမှတ်တရ selfieဆွဲရအောင်လေနော်...မမနော်...".

Second ChanceWhere stories live. Discover now