Extra 3

10.3K 510 27
                                    

Unicode

Kitchen အဝကနေပြီး မြင်နေရသည့် ကျောပြင်လေးကို ဇော် သဘောတကျကြည့်နေမိသည်...

လေပြေသည် တီရှပ် အဖြူလေးနဲ့ ဂျင်းအတိုလေးကို ဝတ်ထားကာ ဆံပင်တွေကို စုစည်းထားသည်...မီးခိုးရောင် အေပရွန်လေးပါ ဝတ်ထားပြီးတော့ ဟင်းချက်နေသည်...

"အဲမှာ ရပ်မနေဘဲနဲ့ လာကူလှည့်ပါဦး မမရဲ့..."

ဆံပင်လေးတွေ ဝဲခနဲနေအောင် လှည့်လာပြီး မျက်စောင်းထိုးပြောသည်...

"လာပြီ...လာပြီ.."

အမြဲတမ်း လေပြေချက်ကျွေးတာပဲ များပါသည်...ဇော်က ဝိုင်းလုပ်ရုံသာ...

"ပြောပါဦး ကိုယ်ဘာလုပ်ပေးရမလဲ..."

အနီးကို ရောက်လာကာ ပါးလေးကို ဖျက်ခနဲ လှမ်းနမ်းပြီး မေးသည်...

"ဒီမှာ လေပြေ ဟင်းချက်နေတာ မပြီးသေးဘူး...မမကို chocolate mousseလုပ်မယ်လို့ ပြောထားတယ်လေ မေ့သွားပြီလား..."

မနေ့ညကမှ နှစ်ယောက်သား city martကနေ လိုတာတွေ သွားဝယ်လာတာဖြစ်သည်...

"မမေ့ပါဘူး...ကိုယ်သတိရပါတယ်...ကလေးက လုပ်တတ်လို့လား...."

"မတတ်ဘူးလေ...ဒါပေမယ့် youtubeက လုပ်နည်းရှာထားတယ်...လုပ်ကြည့်မလို့ပါဆို..."

ပြောပုံက အသည်းယားဖို့ကောင်းလွန်းသည်...
ဇော် နှာခေါင်းလေးကို ချစ်စနိုး လှမ်းဆွဲကာ...

"ဟုတ်ပါပြီ အာ့ဆို ဒီကမမက ဘာလုပ်ပေးရမလဲ ပြော..."

"ဟွန့်...ဒီမှာ လေပြေ ဒါလေးချက်နေတုန်း မမက
ဒါလေးကို mixerနဲ့ မွှေထားပေး...အမြုပ်ထတဲ့ထိ မွှေရမှာနော်..."

လက်ထဲ ရောက်လာသော ကြက်ဥအကာနဲ့ သကြားထည့်ထားတဲ့ ပန်းကန်ကို ဇော်ငုံ့ကြည့်လိုက်သည်...

"အင်း နောက်ရော ဘာလုပ်ရဦးမှာလဲ..."

"ကျွန်မ ဖြေမအားတော့ဘူး...ရှင့်ဟာရှင် ဟိုက tabletမှာ ရှာထားတာ သွားကြည့်ချေ..."

"ဟားဟား.... "

စိတ်မရှည်တော့...လေပြေစူပုပ်ပုပ်နဲ့ ပြောတော့ သူကရယ်နေသည်...

ပြီးတော့မှ ပန်းကန်ကို မကာ mixerရှိတဲ့နေရာကို သွားသည်...

"ရပြီလား ကလေး... လာကြည့်ပါဦး..."

Second ChanceWhere stories live. Discover now