အပိုင်း (၂၅)

8.2K 530 21
                                    

Unicode

"နောက်တစ်ယောက် ဝင်လို့ရပါပြီ..."

ခင်ဦးအသံနဲ့အတူ ကြားလိုက်ရတဲ့ ကလေးငိုသံလေးကြောင့် လေပြေ ပြုံးမိသွားသည်...

လေပြေက ကလေးအရမ်းချစ်တတ်သည်...အထူးသဖြင့် စကားပြောတတ်ကာစ အရွယ်လေးတွေကိုဆို မြင်တာနဲ့ မနေနိုင်ဘဲ အတင်းလိုက်စလိုက်ချော့လေ့ ရှိသည်...အခုလဲ အာပြဲလေးတစ်ယောက်ကို ချော့ရတော့မှာကို တွေးရင်း ပျော်လာသည်....

ပြုံးရင်းနဲ့ ကလေးကို ချီပြီး ဝင်လာသော အမျိုးသမီးကို လှမ်းကြည့်မိတော့ မြင်ဖူးသလို ခံစားလိုက်ရသည်...

"သားသား ဘာဖြစ်လို့လဲဟင် အစ်မ..."

"တအီအီနဲ့ကွာ...အစားလဲ သေချာမစားဘူး...အဲဒါဘာများဖြစ်နေလို့လဲမသိဘူး..."

စိတ်မရှည်သလိုအပြောကြောင့် လေပြေအကဲခတ်သလို ကြည့်မိတော့ သူက စိတ်ရှုပ်သည့်ပုံ​ဖြင့်...

"ကိုယ့်တူလေးပါ...သူ့အမေက ခရီးထွက်သွားလို့ ကိုယ့်ကို လာပို့သွားတာ..."

"ဪ..."

ဘာမှ ပြန်မပြောတော့ဘဲ ကလေးကိုသာ လေပြေ သေချာကြည့်ပေးနေမိသည်...

"အဖျား နည်းနည်းဝင်နေလို့ပါ သားသားက...မေမေနဲ့ ခွဲရလို့လဲ ပါမယ်...ဟုတ်လား...မေမေကို လွမ်းနေတာလား သားသားလေးက..."

မျက်ရည်စတွေနဲ့ ကလေးက လေပြေ့ကို အသာခေါင်းညိတ်ပြသည်...ရင်ထဲမှာ သနားသွားကာ ကလေးကို ချော့မြူနေမိသည်...

"မငိုပါနဲ့ သားသားရဲ့...မမက သားသားကို ဘာမှမလုပ်ပါဘူး..."

"သား ဆေးမထိုးဘူး..."

"အေးပါ...အေးပါ...သားသားကို မမဆေးမထိုးပါဘူး...ဒါပေမယ့် သားသားနေမြန်မြန်ကောင်းအောင် ဆေးတော့သောက်ရမယ်နော်...မမက ဆေးချိုချိုလေးတွေ ပေးလိုက်မယ်...သားသားသောက်မယ်မလား..."

"ဟုတ်ကဲ့..."

ရှိုက်သံလေးတွေနဲ့ ပြန်ဖြေတဲ့ကလေးရဲ့ ခေါင်းလေးကို လေပြေ ကြင်နာစွာ ပွတ်သပ်ပေးမိသည်...သူ့အဒေါ်ဆိုတဲ့တစ်ယောက်ကတော့ ခပ်တည်တည်သာ ထိုင်နေသည်...

"ခင်ဦးရေ... ဒီရေးထားတဲ့ ဆေးလေးတွေ ထုတ်ပေးပါဦး..."

"ဟုတ်ကဲ့ မမ..."

Second ChanceWhere stories live. Discover now