Unicode
ဇော် အိပ်ခန်းထဲ ခပ်မြန်မြန်ဝင်ချလာသည်...လွမ်းလှပြီ...ဒီနေ့အသွေးက duty offမို့ အိမ်မှာ ကျန်နေခဲ့ပြီး ဇော်ကတော့ ထုံးစံအတိုင်း company သွားရတာဖြစ်သည်...
"ဟင်..."
အိပ်ပျော်နေသော ကိုယ့်ကလေးရဲ့ ရင်ဘတ်ပေါ်မှာ တင်ထားတဲ့ အဝါနဲ့ အမဲ စပ်ထားတဲ့ ကြောင်တစ်ကောင်ကို မြင်လိုက်ရတော့ သူမျက်ခုံးပင့်သွားသည်...
"ကလေး...ထပါဦး..."
မျက်စိကို လက်နဲ့ပွတ်နေတဲ့ အိပ်ချင်မူးတူးပုံလေးက ချစ်စရာ...
"မမ ပြန်လာပြီလား...လေပြေအိပ်ပျော်သွားတာ..."
"အင်း...အခုပဲ ရောက်တာ...အဲကြောင်က ဘယ်ကလဲ..."
တိရစ္ဆာန်လေးတွေကိုတော့ သနားတတ်ပေမယ့် ကိုယ့်ကောင်မလေးရဲ့ ရင်ဘတ်ပေါ်မှာ အခန့်သားနေရာယူထားတဲ့ အဲကောင်ကိုတော့ ဘယ်လိုမှ သနားလို့မရ....
လေပြေက ကြောင်လေးကို ပွေ့ပြီး ထထိုင်လိုက်ကာ...
"ဒီတိုင်း ရောက်လာတာ မမရဲ့...သနားစရာလေး... ခြံဝမှာ တွေ့တာ...တစ်ကိုယ်လုံး တုန်နေတာ...လေပြေခေါ်လာပြီး အစာကျွေး နွေးနွေးထွေးထွေး ထားလိုက်တော့မှ အိပ်ပျော်သွားတာ..."
"အင်း...ခုပြန်လွှတ်ပေးလိုက်တော့လေ...သူ့သခင်က ရှာနေမှာပေါ့..."
အေးစက်စက် အသံကြောင့် လေပြေ မဝံ့မရဲ မော့ကြည့်ကာ...
"မမ...သူက သခင်မရှိလို့နေမယ်...လေပြေ သူ့ကို မွေးစားချင်တယ်..."
"ဟား...."
ဇော် စိတ်ပျက်လက်ပျက်ဖြစ်သွားသည်... ကိုယ့်ဟာကိုယ်တောင် သူနဲ့ တရင်းတနှီး ရှိလာဖို့ မနဲကြိုးစားနေရတာ...အဲကြောင်ပါ ပါလာရင်တော့ ကိုယ့်နားကပ်ဖို့ မလွယ်ပါ...
"မမွေးပါနဲ့ကွာ...ရှုပ်တယ်...ကိုယ်တို့က အိမ်မှာ အမြဲ ရှိတာလဲ မဟုတ်ဘဲနဲ့...သူ့ကို ဘယ်လိုဂရုစိုက်ပေးနိုင်မှာလဲ..."
ဘာသံမှ ထွက်မလာတော့ ဇော် ငုံ့ကြည့်မိသည်...မျက်တောင်တွေ ပုတ်ခတ်ပြီး မျက်ရည်တွေ ဝဲနေသည့် လေပြေ...ဟား...ငါတော့ ဒုက္ခပဲ...မခံစားနိုင်တဲ့အထဲမှာ အဲမျက်ရည်တွေက ထိပ်ဆုံးက ပါသည်...
YOU ARE READING
Second Chance