‌နွေဦးလေပြေ🤍(အပိုင်း_၁)

5.5K 135 4
                                    

Unicode

“ဟိတ်ကောင်မိုးသား ခုထိသေရာကမထသေးဘူးလား ကျောင်းမှာပွဲရှိပါတယ်ဆိုမှ”

မနက်အစောကြီးအခန်းထဲရောက်လာတဲ့ဟိန်းထက်ကြောင့် မိုးသားအိပ်ရာကနေထလိုက်ရသည်။
မထလို့လည်းမရဘူးလေ ဒီကောင်ကမထမချင်းကိုပွမ်နေမှာ....

ဟိန်းထက်နဲ့ကကျောင်းရောက်မှစသိတယ်ဆိုပေမယ့် မိုးသားသူ့ကို့တော့တကယ်ခင်သည်။

မိုးသားတို့နှစ်ယောက်လုံးကလူကောင်သေးသေးပုပုလေးတွေ။

ဒီနေ့လည်းကျောင်းကfresher welcomeအတွက်မိုးသားရောဟိန်းထက်ရောအတူကကြမှာဖြစ်သည်။

မိုးသားက‌ေတာ့သိပ်မကတတ်ပေမယ့် ဟိန်းထက်ကတော့ကတာတကယ်မိုက်သည်။

"ဟိတ်ကောင်.....ပြီးရင်လည်းလာတော့ နောက်ကျတော့မယ်"

"ပြီးပြီခွေးသားလေးရ သေမရလို့လောနေတာလား   ကကွက်တွေမေ့နေပါတယ်ဆိုမှ မင်းအသံကြီးကြားရတာအဆင်ပြေမနေဘူး"

"ချီးပဲ breakfastသွားစားမယ်မြန်မြန်လာ"
_______________💛______________
timetableအလိုက်စာအုပ်ထည့်ပြီးတာနဲ့
ခန့်ထည်ပွဲအတွက်ပြင်ဆင်နေတဲ့အခန်းဘက်ထွက်လာခဲ့‌ေတာ့သည်။

ခန့်ထည်တို့ကဒီနှစ်ဒုတိယနှစ်ဆိုတော့ဂျူနီယာလေးတွေရဲ့welcomeကိုဦးဆောင်ပြီးကျင်းပပေးရသည်။

ခန့်ထည်ကအရပ်မြင့်မြင့် မျက်ခုံးကောင်းကောင်းနဲ့‌တော်တော်ကြည့်ကောင်းတဲ့အထဲမှာပါသည်။

ပြီးတော့ခန့်ထည်တို့ကသူနာပြုကျောင်းဆိုတော့ ‌မိန်းကလေးဦးရေများပြီးmale nurseကနည်းတော့ခန့်ထည်ကကျောင်းမှာဆိုpopularဖြစ်သည်။

စာတော်တဲ့အပြင် ကျောင်းရဲ့activitiesတွေမှာအမြဲတက်တက်ကြွကြွပါဝင်တဲ့ခန့်ထည်ကိုစီနီယာတွေ ကျောင်းကဆရာတွေကချစ်ကြတာမဆန်းဘူး။

“မျက်လုံးကြီးလည်းကျွတ်ကျပါဦးမယ်ခန့်ထည်ရာ ကလေးတွေကတာကြည့်ပြီးပြုံးလှချည်လား
ဘာလဲ ဆံပင်အကောက်လေးနဲ့ကောင်မလေးလား”

စင်ပေါ်မှာကနေတဲ့လူကောင်သေးသေးနဲ့ပိစိကချစ်ဖို့ကောင်းလို့ကြည့်နေရင်းပတ်ဝန်းကျင်ကိုမေ့နေသောခန့်ထည် တေဇာ့အသံကြောင့်ဘေးကိုလှည့်ကြည့်ရင်းပြုံးပြလိုက်ရသည်...

နွေဦးလေပြေ🤍Where stories live. Discover now