နွေဦးလေပြေ🤍(အပိုင်း_၆)

896 58 7
                                    

Unicode

"ညီလေး ဟိုနေ့ကဘာလို့အတင်းပြန်ပြေးသွားတာလဲ"

Night studyအတွက်စာအုပ်ကျန်နေခဲ့လို့ပြန်ယူရာတွင် လမ်း၌အကိုနဲ့တွေ့ခြင်းဖြစ်သည်။
အကိုကအခုမှစာကျက်ဆင်းလာဟန်တူသည်။
T shirtအဝါနုလေး‌ဝတ်ကာအသားရောင်ဘောင်းဘီတိုလေးနှင့်အကိုက ‌ဝင်းဖန့်ဖန့်။
ခေါင်းလျှော်ပြီးခါစမို့ နိဂိုသေသေချာချာဖြီးလိမ်းထားသောဆံပင်တို့က ရှေ့၌ကပိုကရိုနှင့်အကိုကတမျိုးလေးကြည့်ရကောင်းသည်။

"ကျွန်တော် ကိစ္စတစ်ခုလုပ်ဖို့ရှိတာ မေ့နေလို့အကို"

မတတ်နိုင်ဘူး။ဟုတ်သော်ရှိ မဟုတ်သော်ရှိအခုမှတော့ကြည့်ကျက် ဖြီးရတော့တာပဲ။
ဟုတ်တယ်လေ။'အကိုက 'ကလေး'လို့ခေါ်လို့ရှက်ကိုးရှက်ကန်းထွက်ပြေးသွားတာ'လို့ ဖြေလို့မှမရဘဲ။

"ဒါနဲ့အကိုရော အဲ့နေ့ကစာမေးပွဲဖြေနိုင်လား"

"အင်း ဖြေနိုင်တယ်ညီလေး ဒါနဲ့ညီလေးနာမည်အရင်းပြောထားဦးလေ notice boardမှာအမှတ်စာရင်းတွေကပ်ရင်ကကည့်ရအောင်"

'ဟိုက်......သေပြီ။စာကမရပါဘူးဆို အမှတ်စာရင်းတွေကပ်ရင် သောက်ရှက်ကတော့ကွဲတော့မှာပဲ။
မိုးသားရေ မိုးသား .....မင်းကတော့ စာတော်တဲ့သူကိုမှရွေးပြီးကြိုက်ဆတ်တယ်ကွာ'

‌စာအုပ်ကြီးကိုကွယ်၍ပွစိပွစိလုပ်နေသော အကောင်ပေါက်ကိုကြည့်၍ခန့်ထည်ရယ်ချင်လာသည်။ဒီကောင်လေး သူ့နာမည်သိမှာကြောက်နေသည်ပဲ။
စာကျက်ရမှာအတော်ပျင်းတဲ့ကောင်လေး။

"အကို့ကိုပေးမသိချင်ဘူးလား ကလေးရဲ့"

"မဟုတ်ပါဘူး"

ခြေစုံရပ်ပြီး ချက်ချင်းခေါင်းခါလာသော ကောင်လေးကိုကြည့်ရင်း မနေနိုင်စွာရယ်ချမိတော့ ခန့်ထည်ကိုမျက်စောင်းထိုးလာသည်။

"ကျွန်တော့်နာမည်မိုးသားရောင်ပါ"

"အင်း အကိုမှတ်ထားလိုက်ပြီနော်။အမှတ်စာရင်းထွက်ရင်ကြည့်ရအောင်"

ပြုံးစိစိမျက်နှာပေးနဲ့အကိုထွက်သွားတော့ မိုးသားစွေ့စွေ့ခုန်ကျန်ခဲ့လေသည်။
'စောက်အကို စာမလုပ်ချင်မှန်းသိလို့ ငါ့ကိုသက်သက်ကလိသွားတာ။လိတောင်မကြိုက်တော့ဘူး'

နွေဦးလေပြေ🤍Where stories live. Discover now