နွေဦးလေပြေ🤍 (အပိုင်း_၉)

829 55 11
                                    

Unicode

🎶🎵ပန်းကလေးလိုလှနေတာပဲတွေ့ချင်ပါသည်။ပန်းကလေးလိုညှိုးမှာကိုလည်းစိုးရိမ်မိသည်.....
မခင်နှင်းဆီ မခင်နှင်းဆီ လှစမ်းပါလားမိန်းမလှခင်နှင်းဆီ🎶🎶

"အား ငါသည်းမခံနိုင်တော့ဘူး"
တေဇာသည်းမခံနိုင်တော့သည့်အဆုံး ကုတင်ပေါ်မှကြုံးရုံးထလိုက်ရသည်။ထိုအခါမှ တကောင့်သားက ယူနီဖောင်းကိုမီးပူလိုက်ရင်းလှည့်ကြည့်သည်။
မနက်၅နာရီလောက်ထဲကထပြီး သီချင်းတအေးအေးနဲ့ဆိုလိုက်ကလိုက်လုပ်နေသည်မှာအခုထိပင်။
နားနှစ်ဖက်လုံးကိုပိတ်၍ပြန်အိပ်‌ေသာ်လည်း ဘယ်လိုမှဆက်အိပ်၍မရပေ။
'အာကာဟိန်းရေ ငါ့အဖြစ်ကိုလာကြည့်ပါဦးကွ'

"တေဇာ ဘာဖြစ်တာလဲ ဆက်အိပ်လေ"

သူဘာမှမလုပ်ထားသလိုမျက်နှာပေးနှင့်ဆက်အိပ်ခိုင်းနေသော ထိုကျက်သတုံးအားကြည့်၍ တေဇာသေချင်စိတ်ပေါက်သွားသည်။

"မင်းငါ့ကိုသောက်ခွက်ပြောင်နေတာလားခန့်ထည်ဝါ။
မနက်အစောကြီး မင်းကသီချင်းတွေထဆိုတော့ ငါကဘယ်လိုလုပ်ဆက်အိပ်ရမှာလဲ"

ကုတင်ပေါ်တွင် ဆံပင်စုတ်ဖွားနှင့်ထိုင်၍ အိပ်ချင်မူးတူးဖြစ်နေသောသူငယ်ချင်းကိုကြည့်၍ခန့်ထည်အားနာသွားရသည်။
သူကလည်းသူပင်။တစ်သက်လုံးတည်တည်ငြိမ်ငြိမ်နေလာပြီးမှ ထိုကလေးပေါက်နှင့်ကျမှအကုန်သဲထဲရေသွန်သလိုပင်။

ဒီညနေ ပိစိနှင့်အတူဆုံရမယ်ဆိုတာတွေးရင်း ညကလည်းကောင်းကောင်းအိပ်မပျော်ချေ။မနက်ကလည်း အစောကြီးထ၍သီချင်းတ‌အေးအေးနဲ့မီးပူတွေထိုးနေသည်မှာ တေဇာပြောမှပင်ကိုယ့်ကိုယ်ကိုသတိထားမိသည်။
'ဟူး....ကိုယ့်ကိုယ်ဘယ်လောက်ထိရူးစေချင်နေတာလဲပိစိရဲ့'။

ပိစိကိုfresher welcomeမှာကတာတွေ့ထဲကသဘောကျမိသွားတာဖြစ်သည်။
ထိုကလေးကအကတွင်ပါရမီပါပုံရသည်။
ပုပုသေးသေးလေးနှင့်ကနေသည်မှာတကယ်ကိုချစ်ဖို့ကောင်းလွန်းလှသည်။

ပွဲပြီးသည့်နောက်တွင်လည်း ပိစိသူငယ်ချင်းမိုးသားရောင်နှင့်အမြဲတတွဲတွဲတွေ့နေမိပေမယ့် ခန့်ထည်မှာစကားမပြောရခဲ့။

နွေဦးလေပြေ🤍Where stories live. Discover now