နွေဦးလေပြေ🤍(အပိုင်း_၁၆)

748 44 3
                                    

Unicode

မနက်ခင်းလျှောက်ရတဲ့လမ်းတွေက အကိုနဲ့မလို့ပဲလားမသိ။သိပ်သာယာတာပဲ။
မြို့ပြမှာ ဒီလိုမနက်အ‌စောပိုင်းတွေပဲလတ်ဆတ်တဲ့လေကိုရှူလို့ရသည်။
နက်ပြာရောင် စတစ်လည်ကတုံးလက်ရှည်လေးကိုအပြာနုရောင်ပုဆိုးလေးနဲ့တွဲဝတ်ထားတဲ့အကိုက မနက်ခင်းရဲ့နုပျိုမှုအောက်မှာရှင်းရှင်းသန့်သန့်။ညာဘက်လက်မှာဝတ်ဆင်ထားတဲ့နာရီလေးက သွေးကြောလေးတွေထောင်ထွက်နေတဲ့အကို့လက်နဲ့လိုက်ဖက်စွာတည်ရှိနေသည်။

“ရွှေတိဂုံတောင်ဘက်မုဒ်ရောက်လားဦးလေး”

အကိုကားဆရာကိုမေးနေတုန်းအိတ်ထဲက၂၀၀တန်နှစ်ရွက်ကို ကားစပါယ်ရာလက်ထဲထည့်လိုက်သည်။
မိုးသားတို့တက်လာတော့ကားပေါ်မှာနေရာအလွတ်ပင်မရှိတော့ချေ။

မိုးသားကိုယ်လုံးသေးသေးလေးမို့ ညပ်မှာစိုးလို့ထင်၏။အကိုကတန်းကိုတစ်ဖက်ကိုင်ထားလျှက် မိုးသားကိုကားမှန်နဲ့သူ့ခန္ဓာကိုယ်ကြားဆွဲသွင်းလိုက်‌လေသည်။
မျက်နှာချင်းဆိုင်အနေအထားဆိုပေမယ့် မိုးသားကအရပ်ပုသောကြောင့် အကို့ရင်ဘတ်နှင့်တစ်တန်းထဲဖြစ်နေလေသည်။

မွှေးလိုက်တာ။အကို့ကိုယ်သင်းရနံ့လေး။

တန်ဖိုးကြီးရေမွှေးရနံ့တွေထက် အမျိုးသားတစ်ယောက်ခန္ဓာကိုယ်ကရတဲ့sexyဆန်ဆန်ကိုယ်သင်းရနံ့ကလူကိုရင်ခုန်သံမမှန်စေနိုင်တာလားမိုးသားမသိ။

“သားလေးမမှီရင် ရှေ့ကအကို့ကိုကိုင်ထားလိုက်ပါလား။ခြေဖျားကြီးထောက်ထားတော့‌
ညောင်းမှာစိုးလို့”

ခြေဖျားလေးထောက်လို့ ကားလက်ကိုင်ကွင်းကိုမမှီမကန်းဆွဲကိုင်ထားတဲ့ကိုယ့်ကို ဘေးကအန်တီကြီးက စကားဆိုတော့ အကို့ဆီကရယ်သံသဲ့သဲ့ထွက်လာသည်။‌မိုးသားနှာခေါင်းရှုံ့လိုက်မိသည်။
ရုတ်တရက်အကိုကလွတ်နေတဲ့လက်တစ်ဖက်နှင့်မိမိလက်ကိုဆွဲယူ၍ သူ့အကျီစကိုကိုင်စေကာ ခေါင်းကိုအသာအယာငုံ့၍ခပ်တိုးတိုးဆိုလေသည်။

“သေ‌ချာကိုင်ထားကလေးလေး”တဲ့။

နားထဲကိုခပ်တိုးတိုးဝင်ရောက်လာတဲ့အကို့အသံခပ်ဩဩနှင့်ရိုက်ခတ်လာတဲ့အကို့အသက်ရှူသံကြောင့် အကို့ခါးကအကျီစကိုသာပိုတိုးလို့ဆုပ်ကိုင်ထားမိသည်။အကို့အနားနေရတာ အန္တရာယ်ကြီးလိုက်တာ။

နွေဦးလေပြေ🤍Where stories live. Discover now