နွေဦးလေပြေ🤍(အပိုင်း_၃)

1.2K 63 7
                                    

Unicode

လက်ထဲက ဖုန်းကိုကြည့်လိုက် ပြန်ချထားလိုက် သက်ပြင်းချလိုက်ဖြစ်နေသည့် ထိုငနဲသားအားဟိန်းထက်တော်တော်ပင် မျက်စိနောက်နေပြီဖြစ်သည်။
ကျောင်းအုပ်ကြီးနှုတ်ဆက်ပွဲပြီးထဲက သွားတဖြီးဖြီးနဲ့ စီနီယာအကိုကြီးaccကိုကြည့်၍
ကမ္မဌာန်းရှုနေသည်မှာ ယနေ့ထိတိုင်ပင်။
အဲ့လောက်ဖြစ်နေရင် သွားဖွင့်ပြောဟုမြှောက်ပေးသော်လည်းသကောင့်သားကသတ္တိမရှိ။
ဟိန်းထက်တို့နှစ်ယောက်လုံးလူကောင်သေးသေးလေးတွေမို့ ပုံစံဆင်သလိုဖြစ်သော်လည်း
မိုးသားကဟိန်းထက်နဲ့ယှဉ်လျှင် နဲနဲအားငယ်တတ်သည့်လူစားမျိုးပင်ဖြစ်သည်။
မရင်းနှီးသည့်သူများရှေ့တွင်စကားပြောတာမျိုးဖြစ်ဖြစ် လူအများကြီးရှေ့ထွက်ပြီးစကားပြောရတဲ့အခါမျိုးတွင်ပဲဖြစ်ဖြစ် မိုးသားကအင်မတန်ကြောက်တတ်သည်။
ဟိန်းထက်ကအစားအသောက်မက်သလောက် မိုးသားကအစားနည်းတတ်သူမို့ တနေ့တခြားပိုပိုသေးလာသည့်သကောင့်သားအား
အစာဝင်အောင်လည်းမနည်းကျွေးရသည်။

"အဲ့လောက်ဖြစ်နေရင်လည်း စာပို့လိုက်ပါဆိုမိုးသားရာ ကြာရင်မျက်စိနောက်လို့မင်းကိုအဲ့ဘဲကြီးဆီရောက်အောင် ငါဆောင့်ကန်ပစ်လိုက်ချင်နေပြီ"

"အောင်မလေး ကန်စမ်းမှာ ဆောင့်ကန်ပစ်လိုက်စမ်း ကိုကြီးရင်ခွင်ထဲသာရောက်မယ်ဆိုရင်ပေါ့"

ကိုယ့်ကိုကျောပေးကြီး တင်ပါးကြီးကော့ပေးထားတာက တကယ်ကိုပိတ်ကန်ချင်စရာကောင်းလိုက်ပုံပဲ။

"စိတ်လျှော့ ဟိန်းထက် စိတ်လျှော့........ဒီအချိန်မှာဒီကောင်ကရူးနေတာ အရူးအရမ်းရင့်နေပြီမို့ သူ့ကိုဖက်ဖြစ်မနေနဲ့"

မျက်လုံးကြီးကိုအတင်းမှိတ်ပြီး သူ့ရင်ဘတ်ပေါ်လက်နဲ့ဖိရင်း တတွတ်တွတ်ပြောနေတဲ့ဟိန်းထက်ကိုကြည့်ပြီး မိုးသားရယ်ချင်သွားသည်။

"သားကြီး စတာပါကွာမင်းကလဲ ချီးမှန်ထားတဲ့အခွက်နဲ့
ငါအခုဘာဆက်လုပ်သင့်လဲ"

"_ိ့ကိုချီးမှန်ထားတဲ့အခွက်ရမှာလား မင်းကိုငါပြောသားပဲ ကြိုက်ရင်လိုက်ပါဆို ငြင်းတော့ရောဘာဖြစ်လဲ ဆက်ကြိုးစားပေါ့.....
အခုလည်းမင်းကိုဖွင့်ပြောခိုင်းနေတာမဟုတ်ဘူး
လမ်းသွားဖောက်ခိုင်းနေတာ
အဲ့ဒါမှ ဝင်လို့ထွက်လို့အဆင်ပြေမှာပေါ့ကွ"

နွေဦးလေပြေ🤍Where stories live. Discover now