နွေဦး‌လေပြေ🤍(အပိုင်း_၁၄)

717 40 3
                                    

Unicode

စာကြည့်စားပွဲပေါ်လက်ထောက်ရက်သား ကျလာတဲ့မိမိကိုတအံ့တဩကြည့်နေသောကိုခန့်ထည်ကြောင့် ဟိန်းထက်ရှိသမျှသွားအကုန်‌ပေါ်အောင် 'ဟီးခနဲ'ရယ်ပြရင်းနှုတ်ဆက်လိုက်ရသည်။
စိတ်ထဲမှာတော့ မိမိကိုချောက်တွန်းသွားတဲ့နှစ်ကောင်ကိုသာ အကြိမ်ကြိမ်သတ်နေမိသည်။

တီရှပ်အဖြူလေးနဲ့ကာကီရောင်ဒူးအောက်ဘောင်းဘီလေးကိုဝတ်ကာဆံပင်ကိုရှေ့ချထားတဲ့အကောင်ပေါက်က ရေချိုးပြီးတာမကြာသေးဟန်။
လက်လေးတစ်ဖက်ထောင်လျက် ရှိသမျှသွားအကုန်ပေါ်အောင်ရယ်ပြနေပုံလေးကအကောင်လိုက်မြိုချပစ်ချစ်စရာ။

"စာမေးပွဲရှိလို့လားအစ်ကို"

"မရှိပါဘူးကွာ အကိုကတစ်နေ့စာတစ်နေ့အကြွေးမကျန်ချင်လို့လုပ်‌နေတာ။
ဒါနဲ့တစ်ယောက်ထဲလား"

မိမိအနောက်ကိုမသိမသာကြည့်၍မေးဟန်ကြောင့် ဟိန်းထက်ကြိတ်ပြုံးလိုက်မိသည်။
'ဒီဘဲကြီးမိုးသားကိုမျှော်နေသည်ပဲ'

"ထမင်းစားဖို့လာရင်း အစ်ကို့ကိုတွေ့လို့ဝင်နှုတ်ဆက်တာ။
မိုးသားကဒီရက်ပိုင်းကျွန်တော်တို့ဘယ်ခေါ်ခေါ်မလိုက်ဘူး။
စကားလည်းမပြောဘူး။
အခုလည်းထမင်းစားဖို့သွားခေါ်တာမလိုက်ဘူး"

နှုတ်ခမ်းလေးတထော်ထော်နှင့်ထိုင်တန်းနေသောကောင်လေးကြောင့် ခန့်ထည်သက်ပြင်းချမိသည်။
မိုးသားရောင်တို့က အမြဲစိတ်ပူအောင်လုပ်နေတော့တာပဲ။လူကြည့်တော့ ‌ပိန်ပိန်သေးသေးလေး။ဟိန်းထက်လည်းလူ‌ကောင်သေးတယ်ဆိုပေမယ့် မိုးသားလိုမဟုတ်။ပြည့်ပြည့်ဖောင်းဖောင်းရှိသည်။

"သူကဘာလို့ထမင်းမစားချင်ရတာလဲ။
လူကြည့်တော့လေတိုက်ရင်လဲတော့မယ်"

"အစ်ကိုနဲ့စကားများပြီးထဲကအဲ့လိုဖြစ်သွားတာပဲ။အဲ့ကိစ္စကလည်း သူ့အမှားမှမဟုတ်ပဲအစ်ကိုရယ်။အစ်ကိုကအကြီးပဲ ခွင့်လွှတ်လိုက်ပါနော်"

ခန့်ထည်သက်ပြင်းချမိသည်။ကြည့်ရတာ ပိစိကသူ့သူငယ်ချင်းအတွက်သူ့ကိုလာပြောပေးပုံပဲ။
မိုးသားမမှားတာသိပေမယ့်လည်း မိုးသားကိုသူစကားမပြောချင်ပေ။အဲ့ဒါကြောင့် ဒီရက်ပိုင်းတွေရှောင်နေတာဖြစ်သည်။

နွေဦးလေပြေ🤍Where stories live. Discover now