နွေဦးလေပြေ🤍(အပိုင်း_၂၄)

810 42 2
                                    

Unicode

အာကာသခွင်ကအုံမှိုင်း၍ မိုးသက်လေပြင်းများတိုက်ခတ်လျှက်ရှိသည်။မိုးသားလက်ကနာရီကိုတစ်ချက်ကြည့်ရင်း စိတ်ပျက်လက်ပျက်ဖြင့်တံခါးဝတွင်ထိုင်နေလေသည်။
ဒီမိုးကဒီပုံအတိုင်းဆိုတော်တော်နှင့်တိတ်မည့်ပုံမပေါ်ပေ။
မိုးသားအနားတွင်ရှိသည့် ဆုမြတ်ဆီကထီးကိုလှမ်းဆွဲလိုက်သည်။

“ဟက် ငါ့ထီးကိုဘာလုပ်တာလဲ”

“ခဏပေးစမ်းပါဆုမြတ်ရယ် ငါအရေးကြီးလို့။
နောက်မှရန်တွေ့တော့ဟာ”

“ခွေးကောင်။အခုချက်ချင်းပြန်ပေး။ငါအပြင်သွားမလို့....ဟဲ့ အခုပြန်ပေးလို့”

နောက်ကအော်ခေါ်နေတဲ့အသံကိုမကြားချင်ယောင်ဆောင်၍မိုးသားအတင်းပြေးထွက်လာလိုက်သည်။ပြန်လာမှရိုက်ရင်လည်းခံလိုက်မည်။
မနက်ထဲကအကိုသူ့အိမ်ကိုပြန်သွားတာဖြစ်သည်။အရင်လိုဘယ်သွားသွားတွေ့နေကျသူ့လက်စွဲတော်ထီးကြီးလည်းမပါပေ။

ရာသီဥတုကလည်းမနက်ကအကောင်းကြီးရှိရာမှ ယခုအညိုးတကြီးကိုရွာသွန်းနေလေသည်။

“ဂျိန်း”

“အမလေး”

မိုးချိန်းသံကျယ်ကျယ်လောင်လောင်ကြောင့် လက်ထဲကထီးကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း ခြေလှမ်းကိုသွက်သွက်လျှောက်မိသည်။
ကြောက်ပါသည်။အမှန်အတိုင်းပြောရရင်သိပ်ကိုကြောက်ပါသည်။

ဘတ်စ်ကားဂိတ်သို့မြန်မြန်ရောက်ချင်သောကြောင့် ရေခဲတိုက်အတွင်းမှဖြတ်၍ ထီးတစ်ချောင်းကိုအဖော်ပြု၍ သူအရဲကိုးမိသည်။
ပုံမှန်နေ့လည်ပိုင်းတွေ‌သာ ဖြတ်သွားဖြတ်လာရှိခဲ့ဖူးသောဤနေရာ။
မိုးလေသည်းထန်နေသည့် ညနေငါးနာရီခွဲအချိန်တွင်မည်မျှ ခြောက်ခြားစရာကောင်းနေမှန်းသူသိသော်လည်း မကြောက်အား။

အကိုမိုးရေမစိုဖို့ကအရေးအကြီးဆုံးပေမလား။

ဘတ်စ်ကားပေါ်ကဆင်းလျှင်ဆင်းခြင်း ထီးလေးမိုးပြီးစောင့်နေတဲ့ကျွန်တော့်ကိုတွေ့ရင် အကိုပျော်သွားလေမလား။
“အလိုက်သိလိုက်တဲ့က‌လေးလေး”ဆိုပြီးကျွန်တော့်ဆံပင်လေးတွေကိုပဲအသာအယာဖွလေမလား။
အတွေးတွေနဲ့ထပ်တူကျစွာ မိမိနှုတ်ခမ်းသည်လည်းပြုံးယောင်သန်းလာလေသည်။

နွေဦးလေပြေ🤍Where stories live. Discover now