နွေဦးလေပြေ🤍(အပိုင်း_၃၁)

1K 48 5
                                    

Unicode

အမျိုးသမီးဆေးရုံကြီး၏Hallခန်းတစ်နေရာတွင်  မိုးသားတို့အတန်းရှိသူငယ်ချင်းတစ်စု lectureအတွက်ပြင်ဆင်နေသောကြောင့်ဆူညံ့လျှက်ရှိသည်။
မိုးသားကတော့ ကော်ဖီဗူးကိုအပါထည့်ရသည်။

ဆရာဘုန်းပြည့်ကဒီလိုNight Dutyကျသည့်ညမျိုးဆို မနက်နှစ်နာရီအထိစာသင်လေ့ရှိသည်။
ထိုသို့ညမျိုးဆိုလျှင် မိုးသားတို့အားလုံး စာရေးစားပွဲနှင့်ခေါင်းနှင့် အကြိမ်ကြိမ်နှုတ်ဆက်လေ့ရှိကြသည်။

“ငါနဲ့နေရာလေးလဲပေးပါလားမိုးသား”

“မလဲပေးနိုင်ဘူး!”

မိမိအသံနှင့်မရှေးမနှောင်းပင်ထွက်လာသည့်လေသံမာမာကြောင့်နွယ်နီဦးဝေ မျက်နှာပျက်သွားလေသည်။
အခန်းထဲကတချို့သူတွေလဲ ရုတ်စုရုတ်စုနှင့်မိမိတို့ကိုအကဲခတ်သလိုကြည့်နေကြသည်။

“ငါ့နေရာကaircornနဲ့တည့်တည့်ကြီးမလို့ပါဟာ။ငါဖျားချင်သလိုဖြစ်နေလို့”

“နင့်ဘာသာဖျားဖျား,မဖျားဖျားငါစိတ်မဝင်စားဘူး။ငါ့နေရာကသာနင့်လွယ်အိတ်ဖယ်လိုက်”

“မိုးသား မိန်းကလေးတစ်ယောက်နဲ့ပြိုင်ပြီးနင်အဲ့လောက်တွက်ကပ်စရာလား။
ငါတကယ်နေမကောင်းလို့ပြောနေတာကို”

“ငါ့နေရာကလွယ်အိတ်ကိုဖယ်လိုက်လို့ပြောနေတယ်နော်”

“ဒုန်း”

“မိုးသားရောင်!!”

အောက်ကိုပြုတ်ကျသွားသည့်လွယ်အိတ်နှင့် ပြန့်ကျဲသွားသောစာအုပ်များကြောင့် နွယ်နီအသားတဆတ်ဆတ်တုန်အောင် ဒေါသထွက်လာရသည်။
အားလုံးကလည်းဝိုင်းကြည့်နေသည်မို့ ရှက်သည်။
မိုးသားရောင်ကအရင်တုန်းကထိုသို့မဟုတ်ပေ။

“အသေးလေး ဆရာ့ဆီခဏလာခဲ့ဦး”

ဘယ်အချိန်ထဲကအနောက်သို့ရောက်နေမှန်းမသိသည့်ဆရာ့ကြောင့် အခန်းထဲကလူတွေအားလုံးအသံ‌တွေတိတ်ဆိတ်သွားသလို မိုးသားသည်လည်းဆတ်ခနဲတုန်သွားရသည်။
ဒေါသအလျောက်မိမိမှားသွားသည်ကိုသိသော်လည်းမိမိချစ်ရတဲ့သူတွေစိတ်ဆိုးမှာတော့ကြောက်ပါသည်။

နွေဦးလေပြေ🤍Where stories live. Discover now