Unicode
ဒီနေ့တော့လကုန်ရက်မို့ ကျောင်းသူကျောင်းသားတော်တော်များများကတက်တက်ကြွကြွဖြင့်။မိုးသားတို့ကျောင်းက လတစ်လရဲ့နောက်ဆုံးရက်ရောက်ရင် special dietအနေဖြင့် ကြက်ကြော်၊ဒံပေါက်၊ကြက်ဆီထမင်းတမျိုးမျိုးကျွေးလေ့ရှိသည်။
lectureဝင်မယ့်တီချယ်မလာသဖြင့် အတန်းထဲတွင်စကားပြောသံ၊ရယ်မောသံတို့ဖြင့်ဆူညံ၍နေသည်။
မိုးသားတို့အုပ်စုကတော့ထုံးစံအတိုင်းlecture roomရှေ့ကခုံတွင်သာထိုင်၍ စကားပြောနေကြသည်။
လေနုအေးလေးကတဖြူးဖြူးမို့ ဒီနေ့ကနေရတာတော်တော်လေး အေးချမ်းသည်။“ခွေးသား ကိုခန့်ထည်နဲ့အဆင်ပြေသွားပြီလား"
"အဟွတ် ဟွတ်"
ဟိန်းထက်ခေါ်သလိုပင်လိုက်ခေါ်သောဆုမြတ်ကြောင့် မိုးသားသောက်လက်စ ရေပင်သီးသွားသည်။
လက်ကလည်းဖြတ်ရိုက်လိုက်ဖို့မမေ့။
အဲ့ဒီဆုမြတ်ဟာလေ မိုးသားကိုဆိုအမြဲအဲ့လိုပဲ။"ငါ့မှာနာမည်ရှိတယ် နာမည်ခေါ်စမ်း။
ဘယ်လိုကြောင့်သူ့လင်ခေါ်သလိုလိုက်ခေါ်နေလဲမသိဘူး""ဟိတ်ကောင် ငါ့လာလွှဲမချနဲ့။ဒီပေါက်ကျော်မတော့ငါမယူနိုင်ဘူး။အားနေ လင်ပဲပေးစားချင်နေတာ"
မိုးသားစကားကို အတင်းထငြင်းသောဟိန်းထက်ကြောင့် အကုန်လုံးသဘောတကျရယ်လိုက်မိသည်။
ဆုမြတ်ကတော့ ပါးစပ်ကပွစိပွစိပြော၍ မျက်စောင်းထိုးလေသည်။
ဘယ်လောက်ပဲခက်ခဲတဲ့ကိစ္စတွေရှိပါစေ သူတို့နဲ့ရှိနေတဲ့အချိန်ဆို မိုးသားတကယ်ပျော်ရသည်။“အကိုက ညကငါ့ကိုသီချင်းဆိုပြတယ်”
“ဝါး....မိုက်လိုက်တာ”
မျက်လွှာလေးအောက်ချ၍ ရှက်ဝဲဝဲနဲ့မိုးသားဆိုတော့ အကုန်လုံးကတဝိုးဝိုး တဝါးဝါး။
“အဲ့တော့ နင်ကချော့စရာမလိုပဲ အော်တိုပျော့သွားတယ်ပေါ့”
တစ်ချိန်လုံးငြိမ်နေသည့် နှင်းဦးဝေဆီမှအငေါ်တူးသည့်စကားကြောင့် မိုးသားရှိသမျှသွားအကုန်ဖြီးကာ ရယ်ပြလိုက်လေသည်။
“ငါမှအကို့ကို စကားမပြောပဲမနေနိုင်တာဟ။
ပြီးတော့ နင်မသိလို့နော် အကို့အသံအရမ်းကောင်းတာ။ငါ့မှာညကအိမ်မက်တောင်မက်တယ်”
CZYTASZ
နွေဦးလေပြေ🤍
General Fiction"အကိုကကျွန်တော့်အတွက်တော့ နွေဦးလေပြေလေးလိုပဲ။ ဘယ်ချိန်ပြန်တွေးတွေး သတတနဲ့ကြည်နူးနေမိတုန်း လွမ်းဆွတ်နေမိတုန်းပဲ" မိုးသားရောင်