နွေဦးလေပြေ🤍(အပိုင်း_၄)

1K 69 5
                                    

Unicode

"ကတောင်"
အကို့ကိုဘာပြန်ပြောရမှန်းမသိလို့ စိတ်ညစ်နေစဉ်ရောက်လာတဲ့စာတိုလေးကြောင့် မိုးသားငါးခူပြုံးကြီးပြုံးမိသွားသည်။

"ဒီည night studyဆင်းရမှာနော်ညီလေး"တဲ့

'အဟိ။ အကိုက ငါ့ကိုစာဆက်ပို့တယ်။သေချာပါတယ် ဒီဘဲကြီးလည်းငါ့ကိုကြိတ်crushနေတာပဲနေမှာ။
နဂိုထဲကတည်ငြိမ်အေးချမ်းတဲ့လူကြီးဆိုတော့လည်း ငါ့ကိုစကားအရင်စပြောဖို့ရှက်မှာပေါ့။ငါကအလိုက်သတိလေး အရင်စပြောလိုက်တော့ သူဘယ်လောက်ပျော်သွားလိမ့်မလဲ'

မိုးသားကိုယ့်အတွေးနဲ့ကိုယ်သဘောကျပြီး အကို့ကိုစာဆက်ပို့ဖို့ပြင်လိုက်တယ်။

"ဟင် တကယ်ကြီးလား အရင်ကအဲ့လိုnight studyရှိလို့လားအကို"

"ရှိတယ်ညီလေး ကျောင်းအုပ်အပြောင်းအလဲကြောင့်ခဏနားထားတာ ပြီးတော့အခုကစာသင်နှစ်စပြီး၁လလောက်လဲရှိပြီဆိုတော့ပြန်စတာ"

"စိတ်ညစ်တယ် ကျွန်တော်စာမကျက်ချင်ဘူး"

တကယ်ကိုပဲ သူစာမကျက်ချင်ပေ။မိုးသားကဉာဏ်လေးကောင်းလို့သာဆယ်တန်းအောင်လာတာဖြစ်သည်။

"စာကျက်တာ မခက်ပါဘူးညီလေးရာ
အကိုတို့ဆိုလည်း အမြဲလေ့လာနေရတာပဲ။
ကိုယ်ကဒီအလုပ်နဲ့အသက်မွေးဝမ်းကျောင်းလုပ်မယ်ဆို ဒီအလုပ်နဲ့ပတ်သတ်တဲ့လုံလောက်တဲ့ဝမ်းစာကညီ့ဆီမှာရှိနေမှဖြစ်မှာလေ။မသိတဲ့စာ နားမလည်တဲ့စာရှိရင်အစ်ကို့ကိုမေးပေါ့"

အကို့စကားအဆုံး မိုးသားခေါင်းပေါ်မှာ မီးသီးပုံstickersတွေ တလက်လက်ထလာလေသည်။
'ဟုတ်တယ်လေ.....ဒါဂွင်ပဲ
အကိုနဲ့နီးစပ်ဖို့အတွက်အကိုကိုယ်တိုင်ဖန်ပေးခဲ့ဂွင်
ဟွန်း....ဟွန်း'

"ဟုတ် အဲ့ဒါဆိုရင်တော့ ကျွန်တော်အကို့ကိုအလုပ်ရှုပ်ရဦးမှာပဲ။မသိတာရှိရင်မေးမယ်နော် အခုတော့ဘိုင့်ဘိုင်အကို။"

"ဘိုင်......ညီလေး"
________________💚________________

"မိုးသား ထမင်းသွားစားရအောင်"
အခန်းရှေ့ကခေါ်နေတဲ့ ဟိန်းထက်အသံကြောင့်မိုးသား'လက်ခနဲ'အတွေးပေါက်သွားသည်။
အတန်းထဲကမိန်းမတွေ အကို့ကိုကြိတ်ကြိုက်နေတာမိုးသားသိတာပေါ့။ဒီအချိန်က ထမင်းစားခန်းထဲလူများမယ့် အချိန်ပဲ။တွေ့ကြသေးတာပေါ့ကွာ။

နွေဦးလေပြေ🤍Where stories live. Discover now