နွေဦးလေပြေ🤍(အပိုင်း_၅)

952 57 2
                                    

Unicode

🎶နေချင်နေတာ မင်းလေးအနားမှာ......ရင်ဆိုင်မယ်အဆိုးဆုံးဒုက္ခဆိုတာ တုန်ရီနေတဲ့ချစ်သူ့လက်တို့ကိုင်ဆွဲထား........🎶

မီးပူတိုက်နေရင်း ဖုန်းဝင်လာတော့contactမှာပေါ်လာတဲ့နာမည်ကြောင့် ခန့်ထည်ပြုံးလိုက်မိသည်။

"ဟဲလို.....ညို"

"မောင်ဒီနေ့tutorialရှိတယ်မလား အဲ့ဒါကြောင့်ဖုန်းဆက်‌နှိုးတာ"

"မောင်နိုးနေပါပြီညိုရယ် အခုတောင်မီးပူတိုက်နေတာ
ညို့ချစ်သူကိုအပျင်းကြီးများထင်နေသလားဗျာ"

မောင့်ဆီကခပ်နောက်နောက်စကားကြောင့် ညိုပြုံးလိုက်မိသည်။
ဟုတ်ပါရဲ့ ညို့ချစ်သူက သိပ်ဝီရိယကောင်းတတ်တဲ့သူမျိုး။
ကျောင်းကရှစ်နာရီမှAssemblyစီရမယ်ဆိုပေမယ့် ခြောက်နာရီထဲကထကာရေမိုးချိုး မီးပူတိုက် လိုအပ်တဲ့စာအုပ်တွေထည့်ကာအဆင်သင့်အနေအထားနဲ့ရှိတတ်တဲ့မောင်။
ယူနီဖောင်းကအစစနစ်တကျဝတ်ပြီး စမတ်ကျ‌တတ်သူမို့ ညို့ချစ်သူကကျောင်းကောင်မလေးများကြားတွင်သာမကကောင်လေးအချို့ကြားတွင်လည်းရေပန်းစားသည်။

"ဒါနဲ့ မောင့်ကိုညကဖုန်းဆက်သေးတယ်
မောင့်ဖုန်းဆက်ပိတ်ထားတယ်"

"ဟုတ်တယ် မောင်စာကြည့်တာညိုဖုန်းဆက်တဲ့အချိန်နဲ့တိုးရင် အနှောက်အယှက်ဖြစ်မှာစိုးလို့စက်ပိတ်ထားတာ"

မောင့်ဆီကစကားသံအဆုံး ညိုမချင့်မရဲပြုံးလိုက်မိသည်။
ကြိုသိနေပြီးသား‌အဖြေပဲလေညိုရယ်........
မောင်နဲ့ချစ်သူသက်တမ်းငါးလကျော်လာပြီဆိုပေမယ့် တသီးတသန့်ရယ်လို့ညိုတို့အတူမရှိခဲ့ဖူး‌ေပ။
ညိုလိုအပ်တာတွေဝယ်တဲ့အခါမောင်ကဈေးကိုလိုက်ပို့တသည့်အခါလောက်တွင်သာ ညိုတို့အတူdateဖြစ်ကြသည်။
ညိုလည်းမိန်းမသားမို့ ကိုယ့်ချစ်သူကကြင်နာတာ ဂရုစိုက်တာခံချင်ပေမယ့် မောင်ကထိုအရာတွေကိုသူနှင့်မဆိုင်သည့်အလားပင်
ညို့ဆီကိုဖုန်းတောင် ပုံမှန်မဆက်ခဲ့သူဖြစ်သည်။

"ညို ဘာတွေစဉ်းစားနေတာလဲ?ညိုပြောစရာမရှိတော့ဘူးဆို မောင်ဖုန်းချလိုက်တော့မယ်နော်"

နွေဦးလေပြေ🤍Where stories live. Discover now