နွေဦးလေပြေ🤍(အပိုင်း_၂၀)

868 41 8
                                    

Unicode

“အား.....ပင်ပန်းလိုက်တာကွာ”

ငြီးငြူသလိုလေးမိုးသားဆိုရင်း အိပ်ရာပေါ်ပစ်လှဲချလိုက်သည်။
မနက်သုံးနာရီခွဲလောက်ကြီး မိဘမဲ့ကျောင်းကိုရောက်သဖြင့် မိုးသားတို့ရောက်ရင်တည်းခိုရန် တာဝန်ရှိလူကြီးများကအရန်သင့်စီစဉ်ပေးထားသည်။
အခန်းကျယ်ကြီးထဲ ခေါင်းအုံးလေးတွေစောင်လေးတွေကိုလူအရေအတွက်အလိုက်တန်းစီချထားပေးသည်။
မိုးသားရောက်တော့ တော်တော်များများပင်နေရာယူပြီးဖြစ်သည်။

ဟိန်းထက်ကိုလှမ်းကြည့်တော့ first yearကကောင်မလေးတွေကြားထဲနေရာရှိနှင့်နေသည်။
‘ခွေးကောင် ကောင်းစားနေတာ
ဒါမျိုးကျသူငယ်ချင်းကိုသတိမရဘူး’
မိုးသားစိတ်ထဲမှမေတ္တာပို့လိုက်မိသည်။

စောင်ကိုအကျအနခြုံ၍အိပ်မယ်ကြံတုန်း အနားရောက်လာတဲ့နှစ်ယောက်ကြောင့် မိုးသားအသာလေးကြည့်နေမိသည်။

“အိပ်ချင်တာကွာ မိုးသားဘေးပဲဝင်အိပ်လိုက်တော့မယ်”

ပြောပြောဆိုဆိုကိုသုတကမိုးသားဘေးကခေါင်းဦးပေါ်ပစ်လှဲချလိုက်သည်။သူ့ကြည့်ရတာတော်တော်ပင်ပန်းနေပုံပဲ။

“ရတယ် ကိုသုတ။အိပ်တော့လေ ကျွန်တော်လည်းအိပ်တော့မှာ”

“မရပါဘူး!”

မျက်လုံးလေးပိတ်မယ်ကြံခါရှိသေး ထွက်လာတဲ့အသံကြီးကြောင့် မိုးသားရောကိုသုတပါထထိုင်လိုက်ကြသည်။

မိမိကိုမျက်လုံးပြူးကြီးနဲ့ကြည့်နေတဲ့နှစ်ယောက်ကြောင့် ခန့်ထည်စိတ်ထဲမှမိမိကိုယ်ကိုဆဲလိုက်မိသည်။

“ဟို ဟို ကျွန်တော်ကအစွန်ဆုံးမှာမအိပ်တတ်လို့ ကိုသုတ။နေရာလေးလဲပေးပါလား”

“ဪ အေး အေး”

ထိုအခါမှကိုသုတကထ၍ အစွန်ဆုံးကိုရွှေ့လေသည်။ဒါတောင်ပုံစံကကြောင်တောင်တောင်ဖြစ်နေတုန်း။
မိုးသားရောင်ကအအိပ်ကြမ်းတယ်လို့ပိစိပြောတာကြားဖူးတယ်။ဒီကောင်လေး ကိုသုတကိုတစ်ကိုယ်လုံးပစ်တင်ထားရင်ဘယ်လိုလုပ်မလဲ။
ကိုသုတကိုအားနာစရာကြီးမလား။မိမိကကိစ္စမရှိပေ။

နွေဦးလေပြေ🤍Where stories live. Discover now