နွေဦးလေပြေ🤍(အပိုင်း_၁၁)

756 42 4
                                    

Unicode

"အဲ့တော့ နင်ကကိုခန့်ထည်ကိုမချစ်တော့ဘူးပေါ့ဟုတ်လား"

စာကြည့်စားပွဲတွင်ထိုင်၍ စာအုပ်ကိုလျှောက်ခြစ်နေသော‌မိုးသားကိုကြည့်၍ ဟိန်းထက်မေးလိုက်သည်။စာကြည့်တိုက်ကပြန်ရောက်ပြီးသည့်အချိန်ကတည်းက
'အကို့ကို-ိ့တောင်မချစ်တော့ဘူး'ဟု ကြွေးကြော်နေသည့် ကောင်းကျိုးမပေးသည့်သူငယ်ချင်းကိုကြည့်၍ ဟိန်းထက်ခေါင်းခါလိုက်မိသည်။

ဟိုတစ်ခါကိုခန့်ထည်က သူ့ကိုတွေ့သည်ကိုမသိချင်ယောင်ဆောင်သွားတုန်းကလည်း ထို့ကဲ့သို့ပဒီးပဒါးတွေပြောခဲ့ဖူးတာပဲ။
နောက်ပြီးဟိုကစကားလာပြန်ပြောရင် အမြှီးတနှံ့နှံ့နဲ့ "အကို" "အကို"ပြန်ဖြစ်သွားတာပဲ။

"မင်းမယုံရင်စောင့်ကြည့်နေ ငါတကယ်လုံးဝမကြိုက်တော့ဘူး"

"အေးလေ အရင်ကမင်းကြိုက်တယ်ဆိုလို့‌ငါကနောက်ဆုတ်ပေးထားတာ။အခုမင်းမှမကြိုက်တော့တာ ငါအကို့ကိုလိုက်လို့ရပြီမလား"

"မင်း.. မင်းဘာဘာလိုက်ချင်လိုက်ပေါ့
ငါမကြိုက်တော့ဘူး"

နှုတ်ခမ်းကြီးဆူ၍ အထစ်ထစ်အငေါ့ငေါ့ပြောနေသော မိုးသားကိုကြည့်၍ ရယ်ချယ်စိတ်ကိုမနည်းထိန်းထားရသည်။
ဒီကောင်မချစ်တာလဲ မဟုတ်ဘူး။
ဟိုကမချော့မှန်းသိရက်နဲ့ သက်သက်လာကောက်ပြနေတယ်။
နေဦး ဒီလောက်ဖြစ်လှတာ အချွန်နဲ့မပေးလိုက်ဦးမယ်။

"ကြာပါတယ်ကွာ အခုပဲစကားသွားပြောလိုက်မယ်။ငါဘယ်လိုစပြောရင်ကောင်းမလဲသားကြီး"

"မသိဘူးကွာ မင်းဘာသာပြောချင်ရာပြော"

စာအုပ်ကြီးကိုဆွဲခြစ်၍ထဖြေသောမိုးသားကိုကြည့်၍ တစ်ဖက်လှည့်ပြီးကျိတ်ရယ်လိုက်သည်။
ပြီးတာနဲ့ ကိုခန့်ထည်ကိုစာပို့လိုက်သည်။ပြောသာပြောသာ ကိုခန့်ထည်နှင့်messengerမှာတစ်ခါမှစကားမပြောဖူး၍ ဟိန်းထက်နဲနဲတော့လန့်မိသည်။

"အကို ကျွန်တော်မေးစရာရှိလို့။ဒီရက်ပိုင်းကျွန်တော်ခဏခဏဗိုက်ဆာလာလို့။စားပြီးလဲပြန်ဆာတာပဲ။
အဲ့ဒါလေ အစာအိမ်ကကြီးလာတာမျိုးရှိလားဟင်"

နွေဦးလေပြေ🤍Where stories live. Discover now