နွေဦးလေပြေ🤍(အပိုင်း_၁၃)

685 38 1
                                    

Unicode

“ငါမလိုက်တော့ဘူး နင်တို့ဘာသာသွားကြတော့”

ဘယ်ခေါ်ခေါ်ငြင်း၍လွှတ်နေသော မိုးသားကြောင့်ဟိန်းထက်တို့အားလုံး မျက်နှာမသာမယာနှင့်ထွက်လာခဲ့ကြသည်။

ထိုနေ့ပြီးထဲက မိုးသားက ဟိန်းထက်တို့နှင့်အရောတဝင်မရှိတော့ချေ။
တစ်ယောက်ထဲသီးသန့်ခွဲထွက်၍သာနေတော့သည်။

နှင်းဦးကတော့ သူ့ကြောင့်ဖြစ်ရတာဆိုပြီး မျက်ရည်လေးတဝဲဝဲနှင့်သာ။
ဘယ်သူ့ဘယ်သူကိုမှအပြစ်မတင်ချင်တော့ပေ။
ဟိန်းထက်ကတော့ မိမိသူငယ်ချင်းလေး အရင်လိုပျော်ပျော်ရွှင်ရွင်ဖြစ်နေတာပဲမြင်ချင်တော့သည်။

မျက်လုံးထောင့်ကမြင်နေရသည့် ပုံရိပ်လေးတွေဝေးကွာသွားသည်နှင့် မိုးသားလက်ထဲကစာအုပ်ကိုအသာအယာပြန်ပိတ်လိုက်သည်။

တကယ်တော့လည်းစိတ်ဆိုးလို့ဆိုတာထက် မိုးသားဒီရက်ပိုင်းတစ်ယောက်ထဲတိတ်တိတ်ဆိတ်ဆိတ်နေချင်တာဖြစ်သည်။

နဂိုထဲကအနေတည်တဲ့အကိုဟာ ထိုကိစ္စပြီးထဲကမိုးသားကိုသိသိသာသာရှောင်နေတော့သည်။
မိုးသားတို့ရှိတဲ့နေရာတွေဆိုရှောင်ထွက်သွားသည်။

မိုးသားဘက်ကဆက်သွယ်တဲ့အခါ တခုခုကိုအကြောင်းပြ၍ မသိချင်ယောင်ဆောင်တတ်သည်။

တစ်ခါတစ်လေ မိုးသားစိတ်ရူးပေါက်ပြီးပို့တဲ့စာအရှည်ကြီးတွေကိုအကိုကမျက်ကွယ်ပြုသည်။
အကိုစိတ်ကွက်မှာပင်ကြောက်သည့်ကျွန်တော်ဟာ အကိုစိတ်ဆိုးတဲ့အချိန်ကိုပိုတိုး၍ကြောက်ရသည်။
ညီအကိုအနေနဲ့ဖြစ်ဖြစ် ကျွန်တော်ကအကို့နားမှာ အမြဲတမ်းရှိနေချင်ခဲ့တာ...........။

“ချစ်ရတာပင်ပန်းတယ်မလား ကလေး‌လေး”

အသံကြား၍မော့ကြည့်မိတော့ မိုးသားတို့အတန်းထဲကပဲ ကိုမင်းခန့်ညီ။
ခန္တာကိုယ်ခပ်တောင့်တောင့်နှင့် အသားအနဲငယ်ညိုသောကိုညီက မိုးသားတို့ထက်အသက်ကြီးသူမို့ အားလုံးကအကိုကြီးတစ်ယောက်လိုပင်အစစအရာရာအားကိုးရသူဖြစ်သည်။
အတန်းထဲက,ကလေး‌တွေအားလုံးထဲကမှ မိုးသားနဲ့ဟိန်းထက်ကို ကိုညီကဂရုတစိုက်ရှိလှသည်။

နွေဦးလေပြေ🤍Where stories live. Discover now