နွေဦးလေပြေ🤍(အပိုင်း_၃၀)

1K 44 7
                                    

Unicode

“Hello”

ညနေလေးနာရီDutyဆင်းခါနီးအချိန်တွင်ကိုညီ့ဆီကဖုန်းဝင်လာသည်။

“မိုးသားလေးအဆင်ပြေရဲ့လား။ခဏနေDutyဆင်းရင်ကိုယ်လာကြိုမယ်လေ။ပြီးရင်ကြေးအိုးလိုက်တိုက်မယ်ဘယ်လိုလဲ”

ကိုညီကNight Dutyမို့လို့ ညခုနှစ်နာရီမှDutyဝင်ရမှာဖြစ်သည်။
မိုးသားတို့က4 offမို့မနက်၈နာရီမှညနေ၄နာရီထိဆင်းပေးရသည်။
ကြည့်ရတာ ကိုညီလည်းသတင်းတွေသိသွားတဲ့ပုံပါပဲ။

နှစ်သိမ့်မယ်သူရှိ၍ငိုချင်သော်လည်း မျက်ဝန်းအိမ်ကမျက်ရည်တို့ကကျဆင်းမလာ။
ရင်ထဲတွင်သာတစ်စို့ကြီးနေသည်မို့ ဖြစ်နိုင်လျှင်ရင်ကိုခွဲထုတ်ပစ်လိုက်ချင်သည်။

“ရတယ်ကိုညီ”

“ဘာရတာလဲ။ကိုယ်လာကြို....”

“ကျွန်တော်အဆင်ပြေနေတယ်လို့ပြောနေတယ်လေ”

ဒေါသကြောင့်လေသံခပ်ဆတ်ဆတ်ဖြစ်သွားသည်ကိုသိသော်လည်း သူမလျှော့နိုင်။

“မိုးသားအဆင်ပြေတာကိုညီသိပါတယ်။ကိုညီကမိုးသားကိုကြေးအိုးတိုက်ချင်လို့။တို့ညီအကိုတွေမDateတာကြာပြီမလား”

“ကျွန်တော်စိတ်မပါဘူးကိုညီ။ကိစ္စမရီရင်ဖုန်းချတော့မယ်”

မိုးသားကိုညီစကားဆုံးအောင်ထိမစောင့်ဘဲ ဖုန်းကိုချပစ်လိုက်သည်။
ရိုင်းသလိုဖြစ်သွားပေမယ့် မတတ်နိုင်ပေ။
အဆင်ပြေပါတယ်ပြောနေတာကို သူတို့တွေတကယ်ပဲဘာဖြစ်ချင်နေတာလဲ။

ယောက်ျားတစ်ယောက်ကြောင့် ခဏခဏခံစားခဲ့ရသည့်မိုးသားကအတိတ်တွင်ကျန်ခဲ့ပြီ။
ဘာကြောင့်ပဲဖြစ်ဖြစ် ခန့်ထည်ဝါကြောင့်သူဘယ်တော့မှထပ်မနာကျင်စေရဘူး။

“နင်ဘာလို့အဲ့လိုပြောလိုက်ရတာလဲ။ကိုညီကနင့်ကိုစိတ်ပူနေတာကို”

ဘယ်အချိန်ထဲကအနောက်မှာရောက်နေမှန်းမသိသည့်ဆုမြတ်စကားကြောင့် မိုးသားမျက်ခုံးနှစ်ဖက်ကိုဆုံအောင် တွန့်ချိုးရင်းလှည့်ကြည့်မိသည်။

လာပြန်ပြီနောက်တစ်ယောက်။

“ငါအဆင်ပြေပြေမပြေပြေသူတို့နဲ့ဘာဆိုင်လို့လဲ”

နွေဦးလေပြေ🤍Where stories live. Discover now