နွေဦးလေပြေ🤍(အပိုင်း-၁၇)

726 33 0
                                    

Unicode

ညတွေကအတွေးတွေအပိုင်စားရသည့်နယ်မြေပဲ။ပြတင်းတံခါးလေးကိုအသာဖွင့်တော့ ခပ်နုနုလေပြေလေးကပြေးလွှားတိုက်ခတ်သွားလေသည်။
သူ့အတွေးတွေထဲ မနက်ကသူ့ကိုဆွေးဆွေးမြေ့မြေ့ကြည့်နေတဲ့မိုးသားပုံရိပ်ကနေရာယူလာသည်မို့ ခန့်ထည်စိတ်ရှုပ်စွာ သက်ပြင်းချလိုက်သည်။

ကိုယ့်ကိုမချစ်ပါနဲ့လားကလေးရယ်။ကိုယ်ကမင်းထင်သ‌လောက်ကောင်းတဲ့ကောင်မဟုတ်ဘူး။

သူချစ်ခဲ့တဲ့သူဟာမိုးသားမဟုတ်ဘဲ မိုးသားအချစ်ဆုံးသူငယ်ချင်းဆိုတာသိတဲ့တစ်နေ့ထိုကလေးခံစားရမှာသူမလိုလားပေ။ချစ်ပုံချစ်နည်းမတူပေမယ့်လည်း မိုးသားဆိုတာဟိန်းထက်နည်းတူသူချစ်ရတဲ့ကလေးငယ်ဖြစ်သည်။
မဟူတ်ဘူး....တကယ်ဆိုဟိန်းထက်,ထက်ပို၍ပင် သူနဲ့ရင်းနှီးခဲ့သူ။
သူ့ကိုစိတ်ပူခဲ့သူ။
အားငယ်တတ်သည့်ကလေးမို့သူကစိတ်ပူခဲ့ရသူဖြစ်သည်။

အမှန်အတိုင်းပြောရလျှင်ဟိန်းထက်နဲ့ကိစ္စကိုရှေ့မတိုးခဲ့သည်မှာမိုးသားကြောင့်လည်းအများကြီးပါသည်။နောက်တစ်ခုကတော့ခန့်ထည်မာနကြောင့်ပင်ဖြစ်သည်။

'ကိုယ်ကရှုံးမှာ‌သေချာနေတဲ့တိုက်ပွဲကိုမတိုက်ချင်ဘူးပိစိရဲ့'။

သူကိုယ်တိုင်လည်းသေချာသိနေတာတစ်ခုက
ပိစိကသူ့ကိုလုံးဝလက်ခံမှာမဟုတ်ခြင်းပင်ဖြစ်သည်။
ဖွင့်ပြောပြီးမှ လက်မခံရင်ခန့်ထည်ကိုယ့်ကိုယ်ကိုသိပ်ရှက်မိမှာပင်။ခန့်ထည်ဝါလိုလူမျိုးအတွက်ရည်းစားမရှားပေ။
အခု‌ထိသူ့ကိုမျှော်လင့်နေသူတွေကအများအပြားရှိသည်။
သူတွဲချင်လျှင် အခုကောက်တွဲလို့ရတဲ့အနေအထားဆိုပေမယ့် သူကိုယ်တိုင်မထားချင်သေး၍ငြိမ်နေခြင်းဖြစ်သည်။

အတွေးတွေကိုခဏရပ်၍ စာရေးခုံပေါ်ကဖုန်းဆီသို့လျှောက်သွားလိုက်ရင်း ခုတင်ပေါ်ပစ်လှဲချလိုက်သည်။
ပြီးသည်နှင့် ခပ်သွက်သွက်ရိုက်နှိပ်လိုက်သည့် စာလုံးလေးတွေက ရင်း‌နှီးနေကျဖုန်းနံပါတ်လေးဆီသို့ပို့လိုက်သည်။

ကိုယ်ပို့လိုက်တဲ့စာ‌လေးဖတ်ပြီး "ကောင်းကောင်းအိပ်စက်အနားယူနိုင်ပါစေကလေးငယ်"

နွေဦးလေပြေ🤍Where stories live. Discover now