နွေဦးလေပြေ🤍(အပိုင်း_၃၃)

1.1K 49 4
                                    

Unicode

မြင်‌တွေ့နေကျအရိပ်‌လေးကိုမမြင်ရသည့်အခါမြင်သမျှအရာရာဟာ,ဟာတာတာနှင့်။
မြင်နေကျအပြုံးလေးတွေလည်းလွမ်းလှသလို
ကိုယ့်ဆီမှာပဲအမြဲရှိနေတတ်သည့်မျက်ဝန်းတစ်စုံကိုလည်းလွမ်းပါသည်။

National Examလည်းနီးပြီမို့ လွမ်းသည့်အခါတိုင်း စာတွေသာဖိလုပ်နေဖြစ်သည်မို့ လူကလန်းလန်းဆန်းဆန်းမရှိသည်မှာကြာပြီဖြစ်သည်။

ပင်ပန်းသည့်အခါတိုင်း ချစ်ရတဲ့ကလေးငယ်မျက်နှာကိုသွားချောင်းကြည့်ရတာလည်း မမောနိုင်မပန်းနိုင်။

မြင်နေရက်နဲ့လွမ်းတယ်ဆိုတာဒါမျိုးထင်ပါရဲ့။
လွမ်းလိုက်ရတာငယ်ရယ်။

“ဒုန်း”

ရုတ်တရက်တံခါးကိုအားပြင်းပြင်းဖြင့်တွန်းဖွင့်သံနှင့်အတူ ဝင်ရောက်လာသည့်ယိုင်နဲ့နဲ့အရိပ်ကလေးကြောင့် အံ့အားသင့်မိရသည်။

အရိပ်ကလေးနောက်တွင်တော့ သူ့ရဲ့သူငယ်ချင်းအုပ်စုကိုအားတုံ့အားနာဟန်ဖြင့်တွေ့ရလေသည်။
အကုန်လုံးမျက်လုံးတွေကနီကြောင်ကြောင်နှင့်။
ကျစ်.....ဒီကလေးသောက်လာပြန်ပြီ။

“ညီလေးတို့ ပြန်နှင့်ပါလား။အကိုသူနဲ့အေးဆေးစကားပြောချင်လို့”

မထားခဲ့ချင်သည့်အရိပ်အယောင်များရှိသော်လည်း မည်သည့်စကားမှမဆိုဘဲ လှည့်ပြန်သွားလေသည်။
ခန့်ထည်တံခါးကိုlockချ၍ နံရံပေါ်မှီနေသည့်အမူးသ‌မားလေးအားပွေ့၍ကုတင်ပေါ်အသာတင်ရသည်။

“ခင်‌ဗျားကဘာဖြစ်ချင်နေတာလဲကိုခန့်ထည်”

“ဟင်”

“ခင်‌ဗျားဘာဖြစ်ချင်နေတာလဲလို့!”

အဖြူရောင်စွပ်ကျယ်ဂျိုင်းပြတ်၊ဂျေဂျေဘောင်းဘီတိုအနီရောင်နှင့်ကလေးငယ်က တစ်ကိုယ်လုံးကိုဝင်းဝါအောင်လိမ်းထားသည့်သနပ်ခါးနံ့ကိုကျော်လွန်၍ အရက်နံ့များမွှန်ထူလျှက်ရှိသည်။

ကုတင်အောက်သို့ခြေထောက်ချထားလျက်ကပင်မိမိကိုမော့ကြည့်သည့်ခပ်မှေးမှေးမျက်ဝန်းများက အရက်ရှိန်ကြောင့်စူးရှလျှက်ရှိပြီး ပါးလေးတွေနီရဲကာ နှုတ်ခမ်းများကထူအမ်းနေလေသည်။

နွေဦးလေပြေ🤍Where stories live. Discover now