နွေဦးလေပြေ🤍(အပိုင်း_၂၈)

1K 48 6
                                    

Unicode

“အင်း ဟင်း အကို”

နားထဲသို့စီးဝင်လာသည့်ခပ်တိုးတိုးငြီးသံကြောင့် ခန့်ထည်မျက်လုံးကိုအသာဖွင့်ကြည့်မိတော့ ရင်ခွင်ထဲမှကောင်ငယ်လေးဆီကဖြစ်သည်။

“ကျစ်...တစ်ကိုယ်လုံးလည်းပူခြစ်နေတာပဲကွာ”

ကြည့်ရတာ ခြေထောက်ကဒဏ်ရာရှိန်နဲ့မိမိထိုးလိုက်သည့်ဒဏ်ရာကြောင့် အနာရှိန်တက်ကာဖျားခြင်းပင်။
စိတ်ပင်ပန်းခဲ့တာတွေလည်းပါမှာပေါ့။

“အင်း....ဟင်း”

“ခဏလေး ခဏလေးနော်။ကိုယ်ရေသွားခပ်ဦးမယ်”

ရေချိုးခန်းထဲကဇလုံထဲရေထည့်၍ မိုးသားမျက်နှာသုတ်ပဝါခပ်ပါးပါးတစ်ထည်ကိုယူကာ
ရေညှစ်ထားလိုက်သည်။
ပြီးသည်နှင့်သူဝတ်ထားသည့်အကျီကြယ်သီးတွေကိုတစ်လုံးချင်းဖြုတ်ချလိုက်တော့ မြင်လိုက်ရသည့်ရင်ဘတ်ခပ်ဖွေးဖွေးကြောင့် ခန့်ထည်မျက်နှာလွှဲလိုက်သည်။
‌အမွှေးအမျှင်မရှိသည့်ဗိုက်သားချပ်ချပ်လေးက ခါးသိမ်သိမ်လေးနှင့်လွန်စွာကြည့်ကောင်းလှသည်။

ခန့်ထည်တံတွေးကိုအသာမြိုရင်း မျက်လုံးများကဂနာမငြိမ်ဖြစ်လာရသည်။
ဟူး......စိတ်လျှော့ခန့်ထည်ဝါ။
ရေစိုဝတ်လေးကခန္ဓာကိုယ်အနှံ့ဖြတ်သန်းသွားသောကြောင့် ကုတင်ပေါ်ကကောင်ငယ်လေးကကိုယ်လေးတစ်ချက်တုန်တက်သွားသည်။

တော်သေးတာပေါ့.....မနိုးလို့။

နဖူးပေါ်ကိုရေစိုဝတ်လေးကပ်တင်ပေးရင်း မျက်နှာလေးကိုအသာထိတွေ့မိသည်။မထူမပါးမျက်ခုံးတွေအောက်ကခပ်‌မှေးမှေးမျက်ဝန်းလေး၊သွယ်စင်းနေသည့်နှာတံနှင့်နီစွေးစွေးနှုတ်ခမ်းလေး။

ဖူးယောင်နေသည့်နီစွေးစွေးနှုတ်ခမ်းတစ်စုံကမိမိညနေကဘယ်လောက်ကြာကြာသူ့နှုတ်ခမ်းတွေကိုစားသုံးခဲ့လဲဆိုတာသက်သေပဲ။

အဟင်း...အိပ်နေလို့သာပဲ။

နိုးလာလို့သူ့တစ်ကိုယ်လုံးကိုမိမိထိုင်ကြည့်ပြီးပစ်မှားနေတာသိရင်ကြောင်ပေါက်လေးလို့ဒေါခွီးဦးမည်ဖြစ်သည်။
ဒီကလေးအရင်ထဲကစွာတာသိပေမယ့်မိမိနဲ့ဆိုအမြဲသူပဲအလျှော့ပေးခဲ့သည်မို့ ယခုလိုခပ်စွာစွာပုံစံနှင့်အထိမခံနိုင်ဖြစ်နေပုံလေးကမိမိကို တမျိုးဆန်းသစ်စေသည်။

နွေဦးလေပြေ🤍Where stories live. Discover now