နွေဦးလေပြေ🤍(အပိုင်း_၂၃)

769 41 2
                                    

Unicode

သေသေချာချာညီအောင်စီထားသည့် ပုံစံခွက်ထမင်းပန်းကန်ကိုယူ၍ ထမင်းထည့်ပေးနေသည့်ဂျူနီယာညီမလေးများဆီသို့သွားရပ်လိုက်သည်။
ဒါသည်လည်းပဲ ခေါက်ရိုးကျိုးနေတဲ့မိုးသားတို့ကျောင်း၏အစဉ်အလာပင်ဖြစ်သည်။
ပထမနှစ်ကလေးများက Dutyအလှည့်ကျဖြင့်ထမင်းခူးတာဝန်ကိုယူပေးရသည်။

“တစ်ယောက်ထဲလားကိုမိုးသား။ကိုဟိန်းထက်မပါဘူးလား”

မိုးသားဖျက်ခနဲပျက်သွားသည့်မျက်နှာကိုဟန်ဆောင်ပြုံးရင်း ခေါင်းခါပြလိုက်သည်။

ဒီနေ့တွေသမျှသူတိုင်းက မဖြစ်မနေဟိန်းထက်ကိုမေးနေရမှဖြစ်မှာလား။

မတွေးချင်တဲ့အကြောင်းအရာတွေကခေါင်းထဲရောက်လာသည်မို့ ခေါင်းကိုအသာခါရမ်း၍ ထမင်းစားပွဲသို့ဦးတည်လိုက်သည်။

အန်တီကြီးဆီကဝယ်လာတဲ့ကြက်အသည်းအမြစ်ဟင်းဆီအကြည့်ရောက်တော့ မျက်ရည်ကပေါက်ခနဲ။

ဒီနှစ်နှစ်လုံးမှာအသည်းအမြစ်ဟင်းဝယ်စားတိုင်း ဟိန်းထက်ကအသည်းကိုပဲရွေးစားခဲ့တာ။

အဲ့တုန်းကသူကြိုက်လို့စားတယ်ထင်ခဲ့ပေမယ့် နောက်မှသိလိုက်ရသည်။
ဟိန်းထက်ကမိုးသားလိုပဲအမြစ်ကိုစားရတာကြိုက်တတ်မှန်း။

မိုးသားကျဆင်းလာသည့်မျက်ရည်ကိုလက်ခုံနဲ့ ခပ်ကြမ်းကြမ်းဆွဲသုတ်လိုက်သည်။အားလုံးထမင်းစားပြီးလောက်မည့်အချိန်ကိုရွေး၍ လာခဲ့သဖြင့် မိုးသားငိုနေတာဘယ်သူမှမတွေ့ပေ။

စားချင်စိတ်လည်းသိပ်မရှိသည်မို့ ပါးစပ်ထဲခပ်သွက်သွက်ထိုးသွပ်ရင်း ထမင်းစားပွဲပေါ်ခေါင်းမှောက်၍ လှဲနေမိသည်။

‘စောက်ရူးကောင် ငါ့ကိုဒီလိုခံစားရအောင်လုပ်မယ်ဆိုရင် အစထဲကမကောင်းခဲ့ပါနဲ့လား’

________________💚________________

ထမင်းစားခန်းကအပြန်lectureခန်းရှေ့ကအဖြတ် notice boardမှာကပ်ထားသည့် အမှတ်စာရင်းကြောင့် မိုးသားမျက်လုံးပြူးသွားရသည်။

သောက်ချီးပဲ....အဲ့ဘာသာမဖြေနိုင်လို့ အမှတ်စာရင်းမထွက်ပါစေနဲ့ဆုတောင်းနေတာ။
ဒီလိုမြန်မြန်ဆန်ဆန်ကြီးထွက်ချလာရလား။

နွေဦးလေပြေ🤍Where stories live. Discover now