နွေဦးလေပြေ🤍(အပိုင်း_၂၇)

1K 48 8
                                    

Unicode

ငိုရင်းနဲ့အိပ်ပျော်သွားသည်ထင်သည်။တံခါးခေါက်သံကြားမှဆတ်ခနဲထထိုင်လိုက်တာကြောင့်ခေါင်းထဲကမိုက်ခနဲ။
မျက်လုံးတွေကလည်းကျိန်းစက်လို့နေလေသည်။

“ခင်ဗျားဘာလာလုပ်တာလဲ”

မိမိမျက်နှာမြင်သည်နှင့်တံခါးကိုအတင်းပြန်ပိတ်သောကြောင့်ခန့်ထည်မိမိကိုယ်လုံးကြီးနှင့်အတင်းတိုးဝင်လိုက်သည်။

ညနေကအဝတ်အစားအတိုင်းပင်ရှိနေသည့်ကလေးငယ်ကငိုထား၏ထင်။မျက်လုံးတွေကမို့အစ်နေလေသည်။
နီစွေးစွေးနှုတ်ခမ်းထောင့်တွင် မိမိ၏ရက်စက်ခြင်းတွေကိုတွေ့လိုက်ရတော့ မျက်နှာလွှဲလိုက်မိသည်။

အခုထိဆေးထည့်ရသေးဟန်မပေါ်ပေ။

“ခင်ဗျားကိုအခုချက်ချင်းထွက်သွားလို့ပြောနေတယ်လေ!!”

“ကိုယ်..ကိုယ်တောင်းပန်ပါတယ်ကလေးငယ်ရယ်။ကျေးဇူးပြုပြီးကိုယ့်ကိုမနှင်ပါနဲ့”

“ခင်ဗျား ကျွန်တော့ကိုအခုလွှတ်!”

ဒေါသအရှိန်ကြောင့်နီစွေးနေသည့်ခန္ဓာကိုယ်ကိုအတင်းဆွဲ၍ရင်ခွင်ထဲသွင်းလိုက်သည်။
ရင်ခွင်ထဲကကလေးငယ်ကအတင်းထုရိုက်၍မိမိကိုရုန်းကန်နေလေသည်။

တစ်ချိန်ကထိုသို့ပွေ့ဖက်တိုင်းမိမိကျောပြင်ကိုအသာပွတ်သတ်ပေးသည့်လက်တစ်စုံကိုပြန်မြင်ယောင်မိတော့ မျက်ရည်စက်တို့ကြွေဆင်းသွားရသည်။

မိမိအတွက်ဆိုအမြဲကြိုဆိုနေတဲ့ရင်ခွင်ငယ်ကအခုတော့အေး‌စက်စက်။

ထိုအတွက်ဘယ်သူ့ကိုအပြစ်တင်ရပေမည်နည်း။
အပြစ်တင်ရမည့်သူကမိမိကိုယ်တိုင်သာဖြစ်သည်။

“မလွှတ်နိုင်တော့ဘူး အင့်။မင်းကိုလက်လွှတ်ပေးလိုက်ရင်ကိုယ်သေသွားလိမ့်မယ်ထင်တယ်။
တောင်းပန်ပါတယ်ကိုယ့်စိတ်ကိုသေချာမသိခဲ့လို့။
မင်းကိုရက်ရက်စက်စက်ထိုးမိတဲ့အတွက်လည်းတောင်းပန်ပါတယ်။
ကိုယ်စိတ်တွေခဏလွတ်သွားခဲ့တယ် အင့်”

မိမိကျောပြင်သို့ ပူနွေးနွေးအရည်တွေစီးဆင်းလာသောကြောင့် အကိုငိုနေမှန်းမိုးသားသိလိုက်သည်။
ကျဆင်းချင်လာသည့်ငွေ့ရည်ကြည်တို့ကိုမျက်တောင်တို့ဖြင့်အသာပုတ်ခတ်၍ မိုးသားသိမ်းဆည်းလိုက်သည်။

နွေဦးလေပြေ🤍Where stories live. Discover now