နွေဦးလေပြေ🤍(အပိုင်း_၁၀)

804 48 3
                                    

Unicode

ညနေtutorialရှိသည်မို့ lectureခန်းရှေ့တွင် စာကျက်သံများဆူညံလို့နေလေသည်။
ခန့်ထည်ကCQ(choice questions)ကြည့်မှာမို့ အေးအေးဆေးဆေးစာဖတ်လို့ရမည့်libraryသို့သာထွက်လာခဲ့သည်။
Libraryခန်းရှေ့ရောက်သည်နှင့် မြင်လိုက်‌ရသောမြင်ကွင်းကြောင့် ခန့်ထည်ပါးစပ်ကိုလက်ဝါးနဲ့အုပ်၍အသံကျိတ်ရယ်လိုက်မိသည်။

🎶🎵အလကားပဲ မင်းချစ်တယ်ပြော‌ေနလည်း အစကတည်းကသိသင့်တယ်.....
မုန်းလို့မရတဲ့အမှတ်တရတချို့မင်း‌ေပးထားခဲ့တယ်....
အလကားပဲ🎶🎵

ခုံပေါ်တွင် မိုးသားကမတ်တပ်ရပ်၍တံမျက်စည်းကိုမိုက်လုပ်ကာ သီချင်းဆိုနေသည်။
ပိစိက ပန်းအိုးထဲကပန်းတွေယူ၍ဆုချသည်။
ဆုမြတ်က အောက်တွင်ထိုင်၍ လက်ကိုမြှောက်ကာဘယ်ညာရမ်းနေသည်။

'တကယ့်ဟာလေးတွေပဲကွာ'

"အဟမ်း ကိုယ်ဝင်လာလို့ရမလား"

ပြုံးစိစိနဲ့အခန်းဝတွင်ပေါ်လာသော မျက်နှာကြောင့် မိုးသားထိုနေရာတွင် အငွေ့ပျံချင်စိတ်ပေါက်သွားသည်။အကိုကဒီကိုဘာလာလုပ်တာလဲ။
ကျောင်းlibraryခန်းက presentationအတွက်လိုအပ်တဲ့အချက်အလက်‌တွေလိုမှပဲလာကြသည်ဖြစ်၍ ထိုအခန်းကအမြဲလူရှင်းနေတတ်သည်။ဒီနေ့ကျမှတိုက်တိုက်ဆိုင်ဆိုင်မိုးသားရာ။
'အိုက်ရား.....ရှက်ဖို့ကောင်းလိုက်တာ'

"ရပါတယ်အကို ကျွန်တော်တို့ပြန်တော့မှာ"

တကယ်တော့ ဟိုနေ့ကကိစ္စပြီးထဲက မိုးသားမှိုင်နေ၍ ဆုမြတ်နှင့်ဟိန်းထက်က အတင်းဒီကိုခေါ်လာခြင်းဖြစ်သည်။အဲ့နေ့ညနေပိုင်း မိုးသားတို့ထမင်းစားရန်အောက်ဆင်းလာတော့ မွေး‌နေ့ကိတ်ကိုင်၍Dinning Roomသို့ဝင်လာသောအကို့ကိုတွေ့သည်။
အကိုနဲ့ရင်းနှီးသည့် စီနီယာအကိုတစ်ယောက်ရဲ့မွေးနေ့အတွက်ဖြစ်ဟန်တူသည်။
တကယ်ဆို Bd cakeကJunction Cityမှာမိုးသားနှင့်ကြက်ကြော်စားပြီးအပြန်ဝင်ဝယ်လို့ရသည်မဟုတ်ဘူးလား။
မာမီခိုင်းထားတာရှိတယ်ဆိုတာကရော အကိုလိမ်ခဲ့တာပေါ့။
အကိုကသူနဲ့အပြင်မသွားချင်လို့ မာမီ့ကိုဆင်ခြေအနေနဲ့သုံးသွားတယ်ဆိုတာ သိလိုက်ရတော့ မျက်ရည်ကအလိုလိုဝဲတက်လာတယ်။
နောက်နေ့ကျဆုမြတ်က အကို့မှာရည်းစားရှိတယ်ဆိုတဲ့အကြောင်းပြောပြခဲ့တယ်။
ကြိုတွေးပြီးသားအကြောင်းအရာဆိုပေမယ့် တကယ်တကယ်သိလိုက်ရတော့ သူဘယ်လိုမှဖြေမဆည်နိုင်ချေ။မိုးသားအရာရာကိုပေါ့ပြက်ပြက်နေခဲ့ပေမယ့် အကို့ကိုတော့တကယ်ချစ်ခဲ့မိသည်။

နွေဦးလေပြေ🤍Where stories live. Discover now