နွေဦးလေပြေ🤍(အပိုင်း_၂၂)

769 43 8
                                    

Unicode

“ဟိန်းထက်နဲ့ကိုခန့်ထည်ကဘာတွေလဲမိုးသား”

ဖြတ်ခနဲပျက်သွားသည့်မျက်နှာကိုနှင်းဦးသတိမထားမိခင်ပြင်ရင်း ပြုံးပြလိုက်သည်။
လက်ထဲကပေါင်မုန့်ကိုလည်းအစားမပျက်ရင်းနဲ့ပေါ့။

“ဘာကမှာလဲ။ဒီတိုင်းရင်းနှီးတာပေါ့။ငါချစ်ရတဲ့သူနဲ့ငါသူငယ်ချင်းကဘာဖြစ်လို့ရမှာမလို့တုန်း”

“နင်စောက်ရူးလိုလုပ်မနေနဲ့မိုးသားရောင်”

“နင်ဘာဖြစ်ချင်နေတာလဲနှင်းဦးဝေ ငါကမဟုတ်ဘူးဆိုမဟုတ်ဘူးပေါ့”

မိုးသားလက်ထဲကပေါင်မုန့်ထုပ်ကိုပစ်ချရင်း ထရပ်လိုက်သည်။တော်ရုံဆိုသူ့ဘဲကြီးနဲ့ဘဲအချိန်ဖြုန်းတတ်သည့်သူငယ်ချင်းမလေးက ဟိန်းထက်အလစ်မှာမိမိကိုခေါ်ထုတ်လာထဲက သူဘာပြောမလဲဆိုတာ ရိပ်မိခဲ့သည်။

အဟက်....ဘာဖြစ်လို့ရမှာမို့လို့လဲ။
ခန့်ထည်ဝါနဲ့ဟိန်းထက်ကဘာဖြစ်လို့ရမှာမလို့လဲ။

“ညကကိုကိုငါ့ကိုပြောတယ်။မိုးသားရောင်ကခန့်ထည်ကိုကြိုက်နေတာမလားတဲ့။
ဘာလို့ ခန့်ထည်ကမိုးသားရောင်သူငယ်ချင်းနဲ့လိုတာထက်ပိုရင်းနှီးနေရတာလဲတဲ့။
သူတို့ညတိုင်းvideo callပြောကြတယ်တဲ့။နင်မသိဘူးမလား။ပြီးတော့ကိုကိုကပြောသေးတယ်။သူတို့သူငယ်ချင်းနှစ်ယောက်ကဘယ်လိုကြီးလဲတဲ့ ”

‘သူတို့သူငယ်ချင်းနှစ်ယောက်ကဘယ်လိုကြီးလဲတဲ့’

‘သူတို့သူငယ်ချင်းနှစ်ယောက်ကဘယ်လိုကြီးလဲတဲ့’

‘သူတို့သူငယ်ချင်းနှစ်ယောက်ကဘယ်လိုကြီးလဲတဲ့’

မိုးသားလက်သီးကိုတင်းနေအောင်စုပ်ရင်း မျက်နှာကိုအတင်းပြုံးထားလိုက်သည်။
နားထဲမှာ ထိုစကားသံကပဲတဝဲလည်လည်နဲ့ထပ်တဟီးဟီးမြည်ဟီးနေသည်။ဟင့်အင်း....မဟုတ်တာ။

“ငါ ငါသိတယ်လေ။ငါကိုယ်တိုင်တောင် တစ်ခါတစ်လေဘေးမှာရှိတာပဲဟာ။ဟိန်းထက်က အကိုနဲ့ငါ့ကိုအောင်သွယ်နေတာ”

“မိုးသားရောင် နင်နွားလား!”

နှင်းဦးအော်သံကြောင့် ဖြတ်သွားဖြတ်လာများကပင်လှည့်ကြည့်သွားကြသည်။
နှင်းဦးအသက်ကိုဝအောင်ရှူရင်း လူရှင်းသည့်နေရာသို့မိုးသားကိုဆွဲခေါ်လာခဲ့သည်။

နွေဦးလေပြေ🤍Where stories live. Discover now