နွေဦးလေပြေ🤍(အပိုင်း_၂၉)

983 46 3
                                    

Unicode

“နိုးပြီလား။ဘယ်လိုနေသေးလဲ”

နိုးနိုးချင်းမိမိအခန်းဖော်၏အမေးစကားကြောင့်ခေါင်းငြိမ့်ပြလိုက်သည်။ခေါင်းတော့နဲနဲအုံနေသေးသည်။
ကြည့်ရတာညကအဖျားတက်ခဲ့ပုံပင်။

“အဝတ်အစားတွေလည်းမင်းပဲလဲပေးတာလား”

Dutyသွားဖို့အတွက်အဝတ်အစားလဲနေရင်းနေရဲခန့်တစ်ချက်တော့ကြောင်သွားသည်။
နေရဲတို့အတန်းကDaw Khin Kyi Women Hospitalတွင်praticalဆင်းနေခြင်းဖြစ်သည်။
ကျောင်းတွင်first yearနှင့်ကိုခန့်ထည်ဝါတို့third yearတွေသာကျန်ခဲ့သည်။

“အေးပေါ့ကွ။မင်းမနေ့ညကအဖျားတွေတက်လို့ရေပတ်တိုက်ပေးရင်းအဝတ်အစားပါတစ်ခါထဲလဲပေးလိုက်တာ။ဒဏ်ရာတွေလည်းငါပဲဆေးထည့်ပေးခဲ့တာ”

“ကျေးဇူးပဲနေရဲရာ။ငါနေကောင်းရင်မုန့်ဝယ်ကျွေးပါ့မယ်”

“မလိုပါဘူးကွာ။မင်းသာဂရုစိုက်။ငါဒီနေ့24hrs dutyကျဆရာကိုခွင့်တိုင်ပေးထားမယ်။
ပြီးရင်မင်းကျတဲ့wardကsisterကိုပါခွင့်တိုင်ထားပေးမယ်။
ဪ.... ဒါနဲ့ မင်းအတွက်ဆန်ပြုတ်နဲ့ဆေးနဲ့ကိုစားပွဲပေါ်တင်ထားခဲ့တယ်နော်”

နေရဲကပြောစရာရှိတာပြောပြီးထွက်သွားပေမယ့် ‌ကျန်ခဲ့သည့်မိုးသားကကြောင်တောင်တောင်ဖြစ်ကာနေခဲ့သည်။ဒီကောင်ဘယ်တုန်းကသူ့ကိုဒီလောက်ဂရုစိုက်တတ်သွားသည်လဲ။
မဖြစ်နိုင်တာဆိုသည့်အတွေးကိုစားပွဲပေါ်ကအငွေ့တထောင်းထောင်းထနေသည့်ဆန်ပြုတ်ပန်းကန်နှင့်ဆေးထုတ်လေးကမှန်ကန်ကြောင်းသက်သေပြခဲ့သည်။

ဗိုက်ဆာနေသောကြောင့် တွေးလက်စအတွေးကိုလက်စသတ်၍ဆန်ပြုတ်စားဖို့ပဲပြင်ဆင်လိုက်တော့သည်။
ပြောမရဘူးလေ။ဒီကောင်အခုမှစေတနာတွေရေစီးကမ်းပြိုလိုက်နေတာလည်းဖြစ်နိုင်သည်ပဲ။

သောက်လို့ကောင်းလိုက်တာ။မောင်မင်းကြီးသားကျန်းမာပါစေ။စော်လေးနဲ့အဆင်ပြေပါစေ။

“မိုးသား ငါဝင်ခဲ့မယ်နော်”

ခပ်ဖွဖွတံခါးခေါက်သံနှင့်အတူ မိုးသားအချစ်ဆုံးသူငယ်ချင်းကအခန်းထဲလို့လှမ်းဝင်လာလေသည်။

နွေဦးလေပြေ🤍Where stories live. Discover now