နွေဦးလေပြေ🤍(အပိုင်း_၈)

776 51 6
                                    

Unicode

"second yearကအရပ်ပုပုအသားဖွေးဖွေးနဲ့ကိုကြီးကနင့်ကိုလိုက်နေတာမလားနှင်းဦး"

"အာ မဟုတ်တာ
နင့်ကိုဘယ်သူပြောလဲ"

အာလူးကြော်စားနေရင်း ဆုမြတ်အမေးကြောင့် သူမမလုံမလဲဖြေလိုက်မိသည်။သေချာကြည့်မယ်ဆိုရင်သူမမျက်ဝန်းတွေဂနာမငြိမ်ဖြစ်နေတာကိုသတိထားမိမှာမလွဲပေ။
ကျောင်းမှာကမျက်လုံးတွေအများကြီးမို့ အကိုနဲ့ကိစ္စကိုဘယ်သူ့မှမသိစေချင်ပေ။
သူကိုယ်တိုင်လည်းအကို့ကိုအဖြေမှပြန်မပေးရသေးပဲ။

"ဟင်း ဟင်း ဒီနားမှာရည်းစားအနံ့တွေရတယ်နော်။
ငါ့ဘာသာတခြားကသိရရင် မလွယ်ဘူးမှတ်"

"မဟုတ်ပါဘူးဆိုနင်ကလည်း။ကိုယ့်ဘာသာ ကိုခန့်ထည်ကိုပဲအေးဆေးကြောင်နေစမ်းပါ"

ဆုမြတ်စားလက်စအာလူးကြော်ထုတ်ကိုဆောင့်ချလိုက်မိသည်။ဟုတ်တယ်လေ ဖွန်ကြောင်တယ်ဆိုပြီးနာမည်ကြီးနေတာကမိမိ။
တကယ့်တကယ် နှိုက်မြည်းနေတာဟ ဟိုအကောင်မိုးသားရောင်။

"ဟော့ဒီကအစစ်မ‌ကြီးကြောင်ချိန်တောင်မရပါဘူးဟယ်။
ဟိုအတုကောင်မိုးသားရောင်နဲ့အီနေတယ်။
အဲ့ကောင်ကဟိုနေ့ကလည်းလာကြွားသွားတယ်။
သူ့ကိုအကိုက'ကလေး'လို့ခေါ်လို့တဲ့။
အော့......မသာကောင်"

ပစ်ပစ်နှစ်နှစ်ကိုပြောချပလိုက်တယ်အေးရော။ဟုတ်တယ်လေ ကိုယ့်မှာတော့ကျောင်းရောက်ထဲက 'ဒီအကိုကြီးကတော့ငါ့အပိုင်ပဲဟေ့'လို့ကြွေးကြော်ထားတာ......
အခုတော့ ကြားလို့မှကောင်းကြသေးရဲ့လား။
ကိုယ့်သူငယ်ချင်းအရင်းကြီးဆီမှာအကြော်ခံလိုက်ရတယ်လို့။
'ခွေးကောင်လေး ဘဝအဆက်ဆက်buttonထိုင်ရစမ်းပါစေ'။

"ဟယ်....တကယ်ကြီးလား"

နှင်းဦးတကယ်ကိုမထင်ထားတာဖြစ်သည်။အကိုခန့်ထည်က အစစအရာရာပြည့်စုံပြီး စာတော်တဲ့သူမို့ သူနဲ့လိုက်ဖက်တဲ့အမျိုးသမီးတစ်ယောက်ကိုပဲ ရွေးချယ်မယ်ထင်ထားခဲ့တာ။
ပြီးတော့ ကိုခန့်ထည်သူငယ်ချင်းအကို‌တေဇာပြောတော့ သူ့မှာရည်းစားရှိသည်တဲ့။

"မိုးသားကိုနည်းနည်းဝိုင်းထိန်းကြဦးနော်။မ‌သေချာပေမယ့်ကိုခန့်ထည်မှာရည်းစားရှိတယ်လို့ငါကြားတယ်။finalကအမနဲ့တဲ့။သူတို့ကကျောင်းမှာတွဲသွားတွဲလာမရှိလို့ သိပ်မသိကြတာ ။
အကိုကတကယ်လို့မိုးသားကိုညီလေးတစ်ယောက်လိုပဲသဘောထားပြီးဆက်ဆံနေတာဆိုရင် မိုးသားခံစားရလိမ့်မယ်။"

နွေဦးလေပြေ🤍Where stories live. Discover now