Unicode
ကျောင်းဆင်းသည်နှင့် ယူနီဖောင်းလေးအသာလဲကာ Junction Cityလမ်းကြားသို့ထွက်လာခဲ့သည်။
ဒီညနေအဆောင်မှာဟင်းမကောင်းပေ။
ထို့ကြောင့် မိုးသားနဲ့ဟိန်းထက်စားနေကျဦးလေးကြီးဆိုင်မှ ထမင်းသုပ်ဝယ်ရန်ဖြစ်သည်။ဒီဆိုင်ကအသုပ်တွေကတော်တော်တော့လက်ရာကောင်းသည်။
ဟိန်းထက်ရယ်မိုးသားရယ်ကိုညီရယ်ကညနေကျောင်းဆင်းပြီဆိုတာနှင့် ဒီလမ်းကြားလေးထဲလာပြီး street foodတွေအဝစားရတာကိုသဘောကျသည်။
တီရှပ်ပွပွကြီးတွေကိုဘောင်းဘီတိုလေးတွေနဲ့တွဲဝတ်ပြီး Hotdogဆိုင်မှHotdogနဲ့GreenTea Ice_creamကိုတွဲစားရတာလည်းနှစ်ခြိုက်သည်။
ပြန်တွေးကြည့်တိုင်းပျော်စရာကောင်းခဲ့တဲ့အချိန်တွေဆိုပေမယ့် အခုချိန်ပြန်တွေးမိတော့ဝမ်းနည်းရသည်။
ဟိုပြဿနာပြီးထဲက မိုးသားနဲ့သူစကားမပြောဖြစ်တာကြာပြီမလား။
“ဦးလေး ရခိုင်ထမင်းသုပ်တစ်ပွဲပေး ကြက်ဥနဲ့ပဲ။ပါဆယ်နော်”
“ဟုတ်ကဲ့ဆရာလေး။တစ်ပွဲပဲလား ဟိုဆရာလေးရော”
ဟိန်းထက်ပြုံး၍သာခေါင်းခါပြလိုက်သည်။အလိုက်သိသည့်ဦးလေးကလည်းဆက်မမေး။သူဆက်မေးလျှင်လည်းဟိန်းထက်မှာဖြေစရာမရှိပေ။စိတ်ကောက်နေတယ်လို့ဖြေရအောင်လည်း မိုးသားစိတ်ကောက်နေတာမဟုတ်မှန်းမိမိအသိပင်မဟုတ်လား။
“ဦးလေး ကျေးဇူးပဲနော်။ဒီမှာ၉၀၀”
“ဟုတ်ကဲ့ဆရာလေး”
ဟိန်းထက်ဦလေးဆီကပါဆယ်ဆွဲလာသည့်ထမင်းသုပ်ထုပ်ကိုဆွဲလျှက် Junction Cityသို့တက်ခဲ့သည်။ခေါင်းလျှော်ရည်ဗူးကုန်သည်မှာကြာပြီဖြစ်သည်။ယခင်လိုဆိုမိုးသားဆီကယူသုံးလို့ရပေမယ့်အခုတော့မဖြစ်ပေ။
ဒီတော့လည်းတွေးကြည့်မှမိုးသားနဲ့လုပ်ခဲ့တာတွေတော်တော်များမှန်းသဘောပေါက်လိုက်သည်။
ထမင်းစားလည်းတစ်ပန်းကန်ထဲပေါင်းထည့်၍တူတူစားကြတာများသည်။wardထဲဆင်းရင်လည်းwardတူတူမို့ဆွဲခြင်းတစ်ခြင်းထဲပဲတူတူပေါင်းထည့်သည်။
YOU ARE READING
နွေဦးလေပြေ🤍
General Fiction"အကိုကကျွန်တော့်အတွက်တော့ နွေဦးလေပြေလေးလိုပဲ။ ဘယ်ချိန်ပြန်တွေးတွေး သတတနဲ့ကြည်နူးနေမိတုန်း လွမ်းဆွတ်နေမိတုန်းပဲ" မိုးသားရောင်