(Unicode Version)
Chapter - 1(A)
အပိုင်း (၁)အမှောင်ခန်းလို့ ထင်ရသည့် နိုက်ကလပ်အခန်းတစ်ခန်းမှာ အနီရောင် အစိမ်းရောင် အပြာရောင် ခရမ်းရောင် စသဖြင့် စသဖြင့် ရောင်စုံမျိုးစုံနှင့် တောက်ပနေလေသည်။
ဘားအနီးနားမှာလည်း ကောင်လေးကောင်မလေးများ စကတ်တို လက်တို အပြတ် ဘောင်းဘီရှည် ဆံပင် ဖားလားနဲ့ လှပကျော့ရှင်းနေကြတဲ့ သူတို့တစ်ချို့ သောက်စားလျက် စကားတဟီးတဟား ပြောကာ နေကြလေသည်။
လောင်းကစားဟုခေါ်သည့် ကစားပွဲမှာလည်း ကစားပွဲနိယာမအရ တစ်ဖက်တစ်ဖွဲ့နှင့် အဖွဲ့နှစ်ဖွဲ့ ကစားပွဲကို ဝိုင်းလျက် နေကြလေသည်။
ကစားသည့်ပုံစံက စက်ဝိုင်းလို လည်ပတ်နေသည့် အဝိုင်းတစ်ဝိုင်းမှာ အလည်တွင် ချိုင့်ဟိုင့်နေပြီး ဘေးပတ်လမ်းတစ်လျှောက်က ဆင်ခြေလျောလို ဖြစ်နေ၍ ထိုပတ်လမ်းမှာက နံပါတ်တွေရေးထားလေသည်။
ဒင်္ဂါးပြားလို အပြားတွေကို ထပ်လျက် နံပါတ်တွေ တမ်းစီထားတဲ့ ချပ်ပြားပေါ်သို့ ပစ်ပေါက်ကာ သံလုံးတစ်လုံးကို ထိုစက်ဝိုင်းလည်ပတ်နေရာမှာ သံလုံးလေးက လိုက်ပါပြီး ကစားရသည့် ကစားပွဲတစ်ခု ဖြစ်လေသည်။
" အရင်တုန်းက ငါတို့ဘဝကို အပျော်ဆော့တဲ့ ဗီဒီယိုဂိမ်းတစ်ခုလိုပဲ သတ်မှတ်ခဲ့ကြတယ် ''
" အဆင့်တစ်ဆင့် မအောင်မြင်မချင်း အကြိမ်ကြိမ်သေချင်သေလိမ့်မယ်... ''
" ဒါပေမယ့် ဘဝသစ်ပြန်စဖို့
အခွင့်ရှိပါသေးတယ်... ''အမည်းရောင်ဆံပင် ပုခုံးကျော်ထိရှည်လျားပြီး လှပကျော့ရှင်းတဲ့ အမျိုးသမီးတစ်ယောက် လိုင်းကားကြီးပေါ်မှာ ထိုင်လျက် စာအုပ်တစ်ခုမှာ စားရေးပြီး ထိုကားပေါ်မှာ လိုက်ပါလာလေသည်။
" ကျွန်တော်အရင်က သေဆုံးခြင်းတရားအကြောင်း မတွေးခဲ့ဖူးဘူး...တကယ်တမ်းကျတော့ ဘဝကြီးက ဂိမ်းမဟုတ်ဘူး...တစ်ကြိမ်တည်းသေမှာမို့လို့ပါ.. ''
အမှောင်ထုတွေ ပိတ်ဖုန်းနေပြီး မီးခိုးတွေတစ်လှူလှူထွက်နေတဲ့ တောနက်ကြီးထဲမှာ လရောင်သာတဲ့ အလင်းရောင်အောက် စစ်သားဟုထင်ရသည့်သူသုံးဦး သေနတ်တွေကို ချိန်ပြီးကိုင်ကာ ရန်သူခြေသံမကြားအောင် တိုးတိုးတိတ်တိတ် တစ်လှမ်းချင်း လှမ်းကာ သွားနေကြသည်။
YOU ARE READING
A Tale Of Thousand stars
Romanceဤဇာတ်လမ်းသည် မကြာသေးမီက LINE TV တွင် ပြသထားသော G-MM tv production မှ ရိုက်ကူးထားသည့် ဇာတ်လမ်းတွဲ ဖြစ်ပါသည်။ ဤဇာတ်လမ်းကို ပြန်လည်ပြီး ထိုဇာတ်လမ်းအတိုင်း ရေးထားခြင်း ဖြစ်ပါသည်။ ကြယ်တစ်ထောင် ပုံပြင် A Tale Of 1000 stars ဇာတ်လမ်း အကျဉ်း...