A Tale Of Thousand stars Chapter - 7(C)

123 4 0
                                    

(Unicode Version)

ကြယ်တစ်ထောင်
ပုံပြင် A Tale Of
                 1000 stars

Chapter - 7(C)
အပိုင်း (၂၁)

မနက်ခင်းအချိန်။

ကျောင်းကြီးမီးလောင်တုန်းက ကာလယ်၏အဖေ အာရီ၏အဖေ ရွာသားတစ်ယောက်တို့က သစ်ပင်တွေရဲ့အလည်မှာ ငှက်ပျောပန်းရိုင်းတွေ ပွင့်နေတာ တွေ့တော့ ကျောချမ်းသွားတာ ငါတို့ရွာထဲက လူတစ်ယောက်ယောက်တော့ မကောင်းတာလုပ်လိုက်ပြီပဲ ဒါကြောင့် ရွာက ကြိမ်စာတိုက်ခံနေရတာ ဟူ၍ ပြောဆိုနေကြသည်က မှန်ပေသည်။

အရင်တစ်ခေါက်က ကာလယ် ရေနစ်မလို ဖြစ်ပြီး ကျောင်းကြီးပါ မီးလောင်သွားပြန်ရာသာမက စီးပွားရေးတွေလည်း ပျက်စီးခဲ့တာ ရွာသားတွေ ပြောသလို သစ်ပင်အလည်မှာ ငှက်ပျောပန်းရိုင်းပွင့်နေသည်ကိုတွေပြီး ကျောချမ်းသွားပြီး အဲသလို မကောင်းမှုတွေ ဖြစ်နေတာ ဖာပန်းဒေါင်းရွာမှာ လူနှစ်ယောက် မကောင်းတာ လုပ်ပြီး သရဲတောင်ကြားထဲ ရောက်သွားကာ နတ်ဆရာက ပွဲတော်တင်ပြီး ဆေးကုပေးနေသည်။

ကွက်ပျက်တစ်ခုမှာ ထိုလူနှစ်ယောက်ကို တင်ပြီး ပွဲတော်တစ်ခုရှိကာ နတ်ဆရာက ထိုလူနှစ်ယောက်ရဲ့ လက်ကို အပ်ချည်စတွေ ချည်ပြီး သပြေခက်တွေဖြင့် ရေစင်တော် ပက်ဖြန်း၍ ဆေးကုပေးနေလေသည်။

" အဆင်ပြေသွားမှာပါ ''

" ကျေးဇူးအများကြီး တင်ပါတယ် ''

အဲသလို ရေစင်တော် ပက်ဖြန်းပေးပြီးနောက် နတ်ဆရာက ထွက်သွားလေတော့သည်။ ထို့နောက် ကွက်ပျက်ပေါ်က ထိုလူနှစ်ယောက်က

" ဒါ မင်းကြောင့်ပဲ ငါ ပြောတယ်လေ သရဲတောင်ကြားထဲကို မသွားသင့်ဘူးလို့ သစ်တောစောင့်နတ်တွေက ငါတို့နောက် လိုက်လာကြပြီ ''

" အင်းပါ မသွားတော့ပါဘူး နောက်ထပ်လည်း မသွားရဲတော့ဘူး ''

အဲသလို လူနှစ်ယောက် ပြောတာကို ရွာသားတွေနဲ့ ခမာတို့က ကြားကာ သရဲတောင်ကြားထဲသွားရင် တောစောင့်နတ်တွေကို မလေးမစားလုပ်တာ ဖြစ်ပြီး ကံဆိုးသည်တို့ဖြင့် ကြုံကာ သိသမို့ အံ့သြသွားကြလေတော့သည်။

A Tale Of Thousand stars Where stories live. Discover now