A Tale Of Thousand stars Chapter - 6(A)

129 3 0
                                    

(Unicode Version)

ကြယ်တစ်ထောင်
ပုံပြင် A Tale Of
                 1000 stars

Chapter - 6(A)
အပိုင်း (၁၆)

ကောင်းကင်ထက်မှာ စွန်လေးက လေလွှင့်ရာအတိုင်း အမြင့်ကြီးမှာ ပျံဝဲနေလေသည်။

" ဒါကို ခင်ဗျား တွေ့သွားမယ် ထင်တယ် ထော့ဖန် ''

အဲ့ဒီလို ကောင်းကင်ထက်မှာ ရှိနေသည့်ထော့ဖန် တစ်နည်းအားဖြင့် ဘဝတစ်ပါးကို ကူးပြောင်းသွားသည့်ထော့ဖန်ကို ရည်စူး၍ စွန်ကလေးက ကောင်းကင်ထက်မှာ ဝဲပျံနေခြင်း ဖြစ်လေသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ ခန်းနားကြီးကျယ်လှသည့် အိမ်ကြီးတစ်အိမ်တွင် ထီရန်တစ်ယောက် လျှပ်စစ်အင်ဂျင်နီယာ ကျောင်းသားပီပီ ပြိုင်ကားအသေးစား ကလေးကစားစရာလေးကို သူကိုယ်တိုင် တီထွင်ကာ စမ်းသပ်၍ မောင်းကြည့်နေလေသည်။

" ကျွန်တော် အရင်တုန်းက စျေးကြီးတဲ့ ကားတွေကို စိတ်ဝင်စားခဲ့တယ် ''

အဲသလို အင်ဂျင်နီယာကျောင်းသားပီပီ ကားမျိုးစုံတီထွင်ခဲ့တဲ့ထီရန် ဖာပန်းဒေါင်းရွာတွင်လည်း ဆရာလေးထီရန်ပီပီ ကလေးတွေကို စွန်လုပ်နည်း သင်ပေးထားလေသည်။

" ဒါပေမယ့် ဝါးချောင်းလေးတွေ စက္ကူ နဲ့ ကြိုးလေးတွေ နဲ့တင် ကျွန်တော် ပျော်နိုင်နေပြီ ''

မှန်၏။ သူဌေးသားအင်ဂျင်နီယာကျောင်းသားက လျှပ်စစ်ကားအသေးစားတွေ တီထွင်သည်ထက် ကျောင်းဆရာလေး ထီရန်က စွန်လေးတွေ ပြုလုပ်သည်က ပို၍ ပျော်ဖို့ ကောင်းပေသည်။

" ရယ်စရာ ကောင်းတာက ဒီရိုးရှင်းတဲ့ အရာလေးတွေက အိမ်မှာ ကျွန်တော် ကစားခဲ့တဲ့ ကစားစရာတွေထက် ကျွန်တော့်ကို ပျော်ရွှင်မှုတွေ ပိုပေးခဲ့တယ် ''

ရိုးရိုးရှင်းရှင်းဖြင့် ဖန်တီးရသည့် စွန်လေးတွေက ကွန်ထရိုးဖြင့် ထိန်းချုပ်၍ ဆော့ကစားရသည့်ကားလေးတွေထက် ပို၍ ပျော်စရာကောင်းနေသည် ထင်ရလေသည်။

" အခု ကျွန်တော် အမပြောတာကို နားလည်ပါပြီ ပျော်ရွှင်မှုဆိုတာ တစ်ခါတစ်လေမှာ ရိုးရှင်းပြီးတော့ ငွေအများကြီး မလိုအပ်ပါဘူး ''

A Tale Of Thousand stars Where stories live. Discover now