A Tale Of Thousand stars Chapter - 6(C)

104 3 6
                                    

(Unicode Version)

ကြယ်တစ်ထောင်
ပုံပြင် A Tale Of
                1000 stars

Chapter - 6(C)
အပိုင်း (၁၈)

ဖာပန်းဒေါင်းကျောင်းကြီးတွင် ယခင်ကနေ့တွေထက် လူတွေများပြားလှကာ ဆူဆူညံညံဖြစ်နေသည်မှာ ဘန်ကောက်မှ အော်ဒါရထားသည့် လက်ဖက်မွှေးအိတ် အထုပ်ပေါင်း ၁၀၀၀ ကို ရွာသားတွေနှင့် ကလေးတွေအားလုံးက ရက်လုပ်နေကြလေသည်။

ထိုအချိန် အရမ်းပျော်ရွှင်နေသည့် ဆရာလေးထီရန်၏စကားတစ်ချို့က

" အရမ်းတော်တယ် အရမ်းလှတာပဲ ခက်လား ကလေးတို့ ''

" မခက်ပါဘူး ''

အဲဒီလိုနဲ့ ကလေးတွေအားလုံးနှင့်အတူ ခေါင်းဆောင်ဖူဖာ လန် ရော့ချန်းတို့လည်း အိတ်ကလေးတွေ လက်ဖြင့်ထိုးရက်နေလေကြသည်။

ထိုအခါ လောင်ထယ်၏ လက်ဖက်မွှေးအိတ်တွေ အရေအတွက်ကို ရေတွက်သည့် စကားသံတစ်ချို့ကလည်း

" ၁၉၈ ၁၉၉ ၂၀၀ အားလုံးပဲ ပြည့်သွားပါပြီ ''

" ရေး.. ရေး.. ''

" အရမ်းတော်ကြတယ် ''

မှန်၏။ အိတ်လုံးရေ ၂၀၀ ရက်လုပ်ထုတ်ပိုး၍ ပြီးသွားလေသည်။ ထို့နောက် ဆရာလေးထီရန်က ရွာသားတွေအကုန်လုံးကို ကျေးဇူးတင်လိုက်လေတော့သည်။

" ကျေးဇူးပါ ကျေးဇူးနော် ကူညီပေးကြလို့
ကျေးဇူးတင်ပါတယ် ''

ထိုအခါ ရွာသားတွေက ခဏနားအိမ်ပြန်၍ ထမင်းပြန်စားကြလေသည်။ ဆရာလေးထီရန်က ကလေးတွေကို

" ကလေးတို့ နှစ်ယောက်စီတွဲထိုင်ကြ လက်နှိပ်နည်းသင်ပေးမလို့ လုပ်ကြ လုပ်ကြ ''

ဒီလိုနဲ့ ခေါင်နွန်းနဲ့ ကာလယ်က တစ်တွဲ အင်တာနဲ့မိကျူးကတစ်တွဲ ဆရာလေးထီရန်နဲ့ အာရီကတစ်တွဲ ထိုင်နေကြကာ ခေါင်းဆောင်ဖူဖာက မတ်တပ်ရပ်ကြည့်နေလေသည်။

" အာ ဟုတ်ပြီ အာရီ အတွဲကိုယ်စီနဲ့မို့လား အခု တစ်ယောက်ရဲ့လက်ကို တစ်ယောက်က...... နှိပ်ပေးကြမယ်နော် ''

" ဟုတ် ''

" အိုကေ အရင်စလိုက်ကြမယ် အရင်ဆုံး သူငယ်ချင်းရဲ့လက်ကို ဆွဲပြီးနှိပ်ပေးမယ် ဟုတ်ပြီလား နှိပ်ပေးမယ် နှိပ်ပေးမယ် ''

A Tale Of Thousand stars Where stories live. Discover now