A Tale Of Thousand stars Chapter - 3(C)

137 4 0
                                    

(Unicode Version)

Chapter - 3(C)
အပိုင်း (၉)

ရွာစုရပ်ဆွေးနွေးပွဲသွားမည့်ည.....။

" ညီလေးထီရန် ထီရန် ''

အိမ်အပြင်မှ လန် ခေါ်နေသမို့ ဆရာလေးထီရန်လည်း အခန်းထဲမှ ထွက်လာခဲ့လေသည်။

" အစ်ကို လန် ''

" သူကြီးနဲ့ သွားတွေ့ဖို့ လာခေါ်တာ ''

" သြော် ဟုတ်ကဲ့ ''

" ဟေ့ မင်းက ဒီက ဒေသခံနဲ့တူတာပဲ ''

လန်က ဆရာလေးထီရန် ဝတ်ထားသည့် ဒေသခံရိုးရာအဝတ်စားဝတ်ထားသည်ကို ကြည့်ကာ အဲသလို ပြောလိုက်လေသည်။

" ကြည့်ကောင်းလား ''

" ငါ့ကိုတော့ မမှီဘူးပေါ့ ငါက ဒီဘက်ဒေသမှာ အချောဆုံးပဲ ''

လန်က အဲသလိုပြောကာ သူ၏ကေရွဲရွဲလေးကို လက်ဖြင့် အသာလေး ပင့်သပ်လိုက်လေသည်။

" လာ သွားကြမယ် ''

" သွားမယ် ''

" ငါ့နောက်ကသာ လိုက်ခဲ့ ''

" ဟုတ် ''

အဲ့နောက် ဆရာလေးထီရန်လည်း မီးအိမ်လေးကို ကိုင်ကာ လန်အနောက်မှ လိုက်သွားလေတော့သည်။

" မသာယာဘူးလား ညဘက်မှာ လကြီး ထိန်ထင်းနေတာ လက မလှဘူးလား ''

" လင်းထိန်နေတဲ့လ အစ်ကိုသိလား ကျွန်တော် ကောင်းကင်ပေါ်က လကို မကြည့်ရတာ တော်တော်ကြာသွားပြီ လှတယ်နော် ''

" အော် ဟွေး မင်းအိမ်က အဆောက်အဦးတွေက အလင်းရောင်တွေကိုပဲ မြင်ခဲ့မှာပေါ့ ''

" လမ်းပေါ်က မီးပွိုင့်တွေရောပဲလေ အစ်ကို အဲဒါတွေက လရောင်လောက်တော့ မလှပါဘူး ''

" အေး ထူးဆန်းတယ်နော် မြို့က လူတွေက လပြည့်ကို မြင်ချင်ကြတယ် ကျေးလက်က လူတွေကျတော့

မြို့ပြ ရဲ့ အလင်းရောင်ကို မြင်ချင်ကြတယ် လူ့အလို နတ်မလိုက်နိုင်ပါပဲ ''

" ဒါနဲ့ အစ်ကို အစ်ကိုသိလား သူကြီးက ကျွန်တော့်ကို ဘာအတွက် ခေါ်တာလဲ မသိဘူး ''

" မသိဘူးလေ ဒါပေမယ့် အရေးကြီးမှာတော့ သေချာတယ် သူကသူကြီးဆိုတော့ စိတ်မပူပါနဲ့

A Tale Of Thousand stars Où les histoires vivent. Découvrez maintenant