A Tale Of Thousand stars Chapter - 6(B)

95 2 7
                                    

(Unicode Version)

ကြယ်တစ်ထောင်
ပုံပြင် A Tale Of
                1000 stars

Chapter - 6(B)
အပိုင်း (၁၇)

ချင်းမိုင်မြို့၏ လက်ဆောင်ပစ္စည်းရောင်းသည့်ဆိုင်  တစ်ဆိုင်တွင် ဆရာလေးထီရန်က ရေမွှေးလေးတွေ လျှောက်ပတ်ကြည့်နေလေသည်။ ထိုအချိန် ဆရာလေးထီရန်၏ပုခုံးပေါ် လက်ကလေးတစ်စုံ ကျောအနောက်မှ ကျရောက်လာရာ ဆရာလေးထီရန်လှည့်ကြည့်လိုက်တော့ လောင်ထယ်ကို မြင်လေတော့သည်။

" စောင့်နေတာကြာပြီလား အစ်ကို ''

" အခုပဲ ရောက်တာပါ သွားကြတော့မလား ''

" သွားရအောင်လေ ဒါက ကျွန်တော်တို့နယ်ရဲ့ လက်ဆောင်ပစ္စည်း ရောင်းတဲ့ဆိုင်ပဲ ကားတွေ အားလုံး ဒီမှာပဲ ရပ်ကြတာ ''

အဲသလို ဆရာလေးထီရန်နှင့် လောင်ထယ် လက်ဖက်ရောင်းရဖို့ လက်ဆောင်ပစ္စည်းရောင်းသည့် ဆိုင်ကို သွားကြခြင်းဖြစ်လေသည်။ အဝေးပြေးကားကြီးတွေလည်း ထိုဆိုင်နားမှာ ရပ်သည်ဖြစ်သမို့ ခရီးသည်တွေ စည်ကားနေမည်မှာ အမှန်ပင် ဖြစ်ပေသည်။

" ပြီးတော့ ငရုပ်သီးမှုန့် ကြက်အူချောင်းအစပ်တွေနဲ့ ရွာကထွက်တဲ့ လက်မှုပစ္စည်းတွေက အရောင်းရဆုံးပဲ အစ်ကို ''

" အင်း ''

ဒါဆို ထိုဆိုင်ကြီးက ကုန်စုံဆိုင်ကြီး ဖြစ်သလို လိုရာရ ကြိုက်တာယူ ဝယ်လို့ရသည့် စျေးကြီးတစ်ခု ဖြစ်လေသည်။

" အစ်ကို ဟိုဆိုင်ကို တွေ့လား အဲဒီဆိုင်က ခရီးသည်တွေကြားမှာ အရမ်းနာမည်ကြီးတာ.... သွားကြည့်ချင်လား ''

" အင်း သွားရအောင် ''

ဒီလိုနဲ့ ဆရာလေးထီရန်နှင့် လောင်ထယ်က ထိုဆိုင်အနားကို သွားကာ ထိုဆိုင်မှ ဆိုင်ရှင်အစ်မနှင့် တွေ့လေတော့သည်။

" လွတ်လွတ်လပ်လပ် ကြည့်နော် လိုအပ်တာရှိရင်လည်း ပြောပါနော် ''

ထိုဆိုင်ရှင်အစ်မက အဲသလို စျေးဝယ်သူတွေကို အပြောချိုချိုဖြင့် စျေးရောင်းနေလေသည်။ ထိုအခါ ဆရာလေးထီရန်တို့က ထိုအစ်မကို ကြည့်၍

" အစ်မလှလှလေးခင်ဗျာ ''

အဲသလို ခေါ်လိုက်လျှင် ထိုအစ်မက သူမ၏ ရှေ့တွင်ကျနေသော ဆံပင်လေးကို ပင့်သပ်ရင်း သုံးနှစ်လှခုံးမျက်စပြုလိုက်ကာ ဆရာလေးထီရန်ကို ကြည့်လိုက်လေသည်။

A Tale Of Thousand stars حيث تعيش القصص. اكتشف الآن